ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များတို့သည် သံတောင်မြို့နယ်၊ ဘောဂလိမြို့အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၁၂)ရက်

(၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်ဘောဂလိမြို့အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များတို့သည် ဘောဂလိမြို့၊စည်ပင် သာယာရေးအဖွဲ့နှင့် ကျေးလက်လမ်းဦးစီးဌာနမှဦးဆောင်သော သပြေညွှန့်စံပြကျေးရွာ၊ မြေသား(၂) မိုင်လမ်းနှင့် ပသိချောင်းခန်းမ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။

(12-August-2020)

Wednesday