ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဒုတိယအကြိမ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံ ပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီ ၀င်များတို့သည် သံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ခရိုင်ချင်းဆက်လမ်းအမှတ်(၃) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့။

ဘားအံ၊ ဩဂုတ်လ (၁၃)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များတို့မှသံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ခရိုင်ချင်းဆက်လမ်းအမှတ် (၃) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (13-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၁‌၃)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၁‌၃.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (13-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် သံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ခရိုင်ချင်းဆက်လမ်းအမှတ်(၃) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး။

ဘားအံ၊ ဩဂုတ်လ (၁၃)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် သံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ခရိုင်ချင်းဆက်လမ်းအမှတ်(၃) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုနှင့်လိပ်သိုမြို့နယ်ခန်းမတည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (13-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်‌တော် ဒုတိယဥက္ကဋ္ဌ‌ဒေါ်နန်းသူဇာ ၀င်းသည် သံတောင်မြို့နယ်၊ ဘောဂလိမြို့အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၁၃)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်ဘောဂလိမြို့အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ‌ဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံး ဝန်ထမ်းများ (QC)အဖွဲ့များတို့မှ ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် (၁၃.၈. ၂၀၂၀)ရက်နေ့၊ နံနက် (၀၈၀၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ (13-August-2020) Thursday