ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဒုတိယအကြိမ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံ ပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီ ၀င်များတို့သည် သံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ခရိုင်ချင်းဆက်လမ်းအမှတ်(၃) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့။

ဘားအံ၊ ဩဂုတ်လ (၁၃)ရက်

(၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များတို့မှသံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ခရိုင်ချင်းဆက်လမ်းအမှတ် (၃) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

(13-August-2020)

Thursday