ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် သံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ခရိုင်ချင်းဆက်လမ်းအမှတ်(၃) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး။

ဘားအံ၊ ဩဂုတ်လ (၁၃)ရက်

(၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် သံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ခရိုင်ချင်းဆက်လမ်းအမှတ်(၃) ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုနှင့်လိပ်သိုမြို့နယ်ခန်းမတည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

(13-August-2020)

Thursday