ဘားအံ၊ ဩဂုတ်လ (၂၀)ရက်
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ယနေ့(၂၀.၈.၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ဒေါ်လန်းကျေးရွာ အုပ်စု၊ ကော့မရိုင်းကျေးရွာအုပ်စုနှင့် ပတကျေးရွာအုပ်စုများသို့ သွားရောက်ပြီး နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဒေါ်လန်းကျေးရွာအုပ်စုအတွက် အခြေခံလူတန်းစား (၁၈၀)ဦးနှင့် မသန်စွမ်းသူ(၁၆)ဦး၊ ကော့မရိုင်းကျေးရွာ အုပ်စုတွင် အခြေခံလူတန်းစား(၁၃၄)ဦးနှင့် မသန်စွမ်းသူ(၁၈)ဦး၊ ပတကျေးရွာအုပ်စုတွင် အခြေခံလူတန်း စား(၁၉၅)ဦးနှင့် မသန်စွမ်းသူ(၂၈)ဦး တို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပါသည်။ထောက်ပံ့ငွေများကို အခြေခံလူတန်းစားအတွက်တစ်ဦးလျှင်(၂၀၀၀၀)ကျပ်၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီ ပေးအပ်ခဲ့ပါသည်။
(20-August-2020)
Thursday



