ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် အမှတ်(၅)ရပ်ကွက်၊ Cyclone Shelter စခန်းရှိ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၇၉)စုအတွက် မနက်စာကျွေးပြီး လိုက်လံအားပေးစကားများပြောကြားခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၅)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးတို့သည် (၂၅.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၆၃၀)အချိန်တွင် အမှတ်(၅)ရပ်ကွက်၊ Cyclone Shelter စခန်းရှိ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၇၉)စုအတွက် မနက်စာအာဟာရအဖြစ် ကြာဇံဟင်းခါးတိုက်ကျွေးလှူဒါန်းကာ ရေဘေးကြောင့် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးအခက်အခဲဖြစ်နေသော ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။ (25-August-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၂၅)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၅.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (25-August-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်း‌ကျေးရွာအုပ်စု ရေဝင်ရောက်မှုအား လိုက်လံကြည့်ရှု့ခဲ့ပြီး‌ နောက် ကိုမောင်ကျေးရွာတွင် ကူညီ‌ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ်ခဲ့ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၅)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် (၂၅-၈-၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်း‌ ကျေးရွာအုပ်စုတွင် အိမ်‌ထောင်စုတစ်စုအား ဆန်(၄) ပြည်၊ ဆီ(၁)လီတာ တစ်ဗူး၊ ကြက်သွန်နီ (၁)ပိဿာ၊ အသား (၃)ဗူး ပေးအပ်ခဲ့ပြီးနောက် အုပ်စုနှင့် မြလေးအုပ်စုများတွင် ရေဝင်ရောက်မှုအား လိုက်လံကြည့်ရှု့ခဲ့ပြီး‌နောက် ကိုမောင်ကျေးရွာတွင် ကူညီ‌ထောက်ပံ့ရေး ပစ္စည်းများအား ပေးအပ်ခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။ (25-August-2020) Tuesday