ဘားအံ၊ ဩဂုတ်လ (၂၆)ရက်
(၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့၊ ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ် တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ ၀င်များတို့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ပညာရေး၊ ကျန်းမာရေးကျောင်းဆောက်လုပ်နေဆဲလုပ်ငန်းများ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဦးဆောင်သော မဲသဝေါ်လမ်း(၃၃)မိုင် လုပ်ငန်းများကို (၂၆.၈. ၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
(26-August-2020)
Wednesday


