ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်‌တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံ ပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီ ၀င်များတို့သည် လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာ၊ ကုန်ထုတ်လမ်းနှင့် တံတား/ရေပြွန် လုပ်ငန်းများ ၀င်းစိန်-ကွမ်ဖျားလမ်း ကျောက်ချောခင်းလုပ်ငန်းများနှင့် ကွမ်ဘီ-စည်းစိမ်ကုန်လမ်း ကတ္တရာခင်းပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၄)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့၀င်းများသည် လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာ၊ ကုန်ထုတ်လမ်းနှင့် တံတား/ရေပြွန် လုပ်ငန်းများ ၀င်းစိန်-ကွမ်ဖျားလမ်း ကျောက်ချောခင်းလုပ်ငန်းများနှင့် ကွမ်ဘီ-စည်းစိမ်ကုန်လမ်း ကတ္တရာခင်းပြီးစီးမှု လုပ်ငန်းများကို (၂၄.၈.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည် (24-August-2020) Monday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၂၀ – ၂၀၂၁ခု၊ ကရင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပ‌ဒေနှင့် စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၄)ရက် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်လွှတ်တော် ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ တင်ပြဆွေးနွေးပြီးနောက် အစည်းအဝေးမှ တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (24-August-2020) Monday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၂၄)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၄.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (24-August-2020) Monday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာ ၀င်းသည် ကော့ကရိတ်မြို့နယ်၊အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၁)ရက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်းနှင့် တာဝန်ရှိသူများတို့က(၂၁-၈-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအချိန်၌ သွား‌ရောက်၍ ထောက်ပံ့‌ ငွေများ ပေးအပ်ခဲ့ပါသည်။ (21-August-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၁)ရက် ကရင်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသော ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းအား (၂၁.၈.၂၀၂၀)ရက်နေ့၊နံနက်(၀၇၀၀)နာရီအချိန် တိုင်ကြားစာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့၀င်များသည် အချင်းဖြစ်ပွားရာနေရာဖြစ်သော မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်‌ကျေးရွာအုပ်စုရှိ အချင်းဖြစ်မြေနေရာအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ (21-August-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ အစည်းအဝေး ပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၁)ရက် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်မှ တင်ပြဆွေးနွေးပြီး၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်‌အောင်၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (20-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းကျေးရွာအုပ်စု၊ ကော့မရိုင်းကျေးရွာအုပ်စုနှင့် ပတကျေးရွာအုပ်စုများသို့ သွား ရောက်ပြီး နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၀)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ယနေ့(၂၀.၈.၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ဒေါ်လန်းကျေးရွာ အုပ်စု၊ ​ကော့မရိုင်းကျေးရွာအုပ်စုနှင့် ပတကျေးရွာအုပ်စုများသို့ သွားရောက်ပြီး နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဒေါ်လန်းကျေးရွာအုပ်စုအတွက် အခြေခံလူတန်းစား (၁၈၀)ဦးနှင့် မသန်စွမ်းသူ(၁၆)ဦး၊ ကော့မရိုင်းကျေးရွာ အုပ်စုတွင် အခြေခံလူတန်းစား(၁၃၄)ဦးနှင့် မသန်စွမ်းသူ(၁၈)ဦး၊ ပတကျေးရွာအုပ်စုတွင် အခြေခံလူတန်း စား(၁၉၅)ဦးနှင့် မသန်စွမ်းသူ(၂၈)ဦး တို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပါသည်။ထောက်ပံ့ငွေများကို အခြေခံလူတန်းစားအတွက်တစ်ဦးလျှင်(၂၀၀၀၀)ကျပ်၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီ ပေးအပ်ခဲ့ပါသည်။ (20-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၀)ရက်ကရင်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသော ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းအား (၂၀.၈.၂၀၂၀)ရက်နေ့၊နံနက်(၀၉၀၀)နာရီအချိန် တိုင်ကြားစာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့၀င်များသည် အချင်းဖြစ်ပွားရာနေရာဖြစ်သော ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ အချင်းဖြစ်မြေနေရာအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ (20-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၂၀)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၀.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (20-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လှိုင်းဘွဲမြို့နယ်၊ ကစိုကျေးရွာ၊ နောင်ခလုံးကျေးရွာနှင့် ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာများသို့ သွားရောက်ပြီး နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၁၉)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ယနေ့(၁၉.၈.၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကစိုကျေးရွာ၊ နောင်ခလုံးကျေးရွာနှင့် ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာများသို့ သွားရောက်ပြီး နိုင်ငံတော်မှ ထောက် ပံ့သည့် အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ကစိုကျေးရွာအတွက် အခြေခံလူတန်းစား(၆၇)ဦးနှင့် မသန်စွမ်းသူ(၂၄)ဦး၊ ‌နောင်ခလိန်းကျေးရွာတွင် အခြေခံလူတန်းစား(၂၂)ဦးနှင့် မသန်စွမ်းသူ(၅)ဦး၊ မိုးနိုင်းကျေးရွာတွင် အခြေခံလူတန်းစား(၆၁)ဦးနှင့် မသန်စွမ်းသူ(၄)ဦး တို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပါသည်။ထောက်ပံ့ငွေများကို အခြေခံလူတန်းစားအတွက်တစ်ဦးလျှင်(၂၀၀၀၀)ကျပ်၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီ ပေးအပ်ခဲ့ပါသည်။ (19-August-2020) Wednesday