ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း။

ဘားအံ၊ စက်တင်ဘာလ (၂၈)ရက် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့၊နေ့လယ်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ‌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကား‌ပြောကြားပြီး၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦးမှ တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီးနောက် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ‌ ဒေါ်နန်းသူဇာ၀င်း၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦး၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (28-September-2020) Monday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူးတို့သည် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှူစစ်ဆေးခြင်း။

ဘားအံ၊ စက်တင်ဘာလ (၂၆)ရက် (၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံနေရာများအား ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ၊ လွတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ ကုမ္ပဏီအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများတို့သည် စက်တင်ဘာလ (၂၆)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ ၀င်းသည် ကော့ကရိတ်မြို့နယ်အတွင်း (Covid -19) ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန်အတွက် စစ်ဆေးရေးဂိတ်များသို့ (Mask)နှင့် လက်အိတ်များ သွား ရောက်လှူဒါန်းပြီး ဆကိလက်၍ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသော အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ကြေးပေးအပ်ခြင်း။

ကော့ကရိတ်၊ စက်တင်ဘာလ (၂၃)ရက် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်အတွင်း (Covid -19)ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန်အတွက် စစ်ဆေးရေးဂိတ်များသို့ (Mask)နှင့် လက်အိတ်များ သွားရောက်လှူဒါန်းပြီး ဆက်လက်၍ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသော အိမ်ထောင် စုများအား တတိယအကြိမ် ထောက်ပံ့ကြေးပေးအပ်ခဲ့ပါသည်။ (23-September-2020) Wednesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ ၀င်းသည် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှူစစ်ဆေးခြင်း။

ဘားအံ၊ စက်တင်ဘာလ (၁၇)ရက် (၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံနေရာများအား ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ တိုင်းတော်ထူးကုမ္ပဏီအဖွဲ့နှင့် တာ၀န်ရှိသူများတို့သည် စက်တင်ဘာလ (၁၇)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။ (17-September-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီပြည်သူတို့၏ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ စက်တင်ဘာလ (၉)ရက် ကရင်ပြည်နယ်လွှတ်တော် တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို (၉.၉. ၂၀၂၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်း အဝေး ပြုလုပ်ခဲ့ပါသည်။ (9-September-2020) Wednesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ စက်တင်ဘာလ(၇)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၇.၉.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (7-September-2020) Monday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် သည် ကိုယ်၀န်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးလူငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ်(COVID-19) ကာကွယ်တုန့်ပြန်ရေး ကူညီထောက်ပံ့မှု ရိက္ခာဆန်နှင့် ပစ္စည်းများ ထပ်ဆောင်းထောက်ပံ့ငွေများ ကျေးရွာအရောက်ပေးအပ်။

လှိုင်းဘွဲ၊ စက်တင်ဘာလ (၅)ရက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကိုယ်၀န်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးလူငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် (COVID-19) ကာကွယ်တုန့်ပြန်ရေး ကူညီထောက်ပံ့မှု ရိက္ခာဆန်နှင့် ပစ္စည်းများ ထပ်ဆောင်း ထပ်ဆောင်းထောက်ပံ့ငွေများကို (၅-၉-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းအချိန်က ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦးနှင့် တာဝန်ရှိသူ များတို့က ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ (5.September.2020) Saturday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ အစည်းအဝေး ပြုလုပ်ခြင်း။

ဘားအံ၊ စက်တင်ဘာလ (၁)ရက် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက်နေ့၊နေ့လယ်(၁၃၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်မှ တင်ပြဆွေးနွေးပြီး၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်‌အောင်၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (1-September-2020) Tuesday