ဘားအံ၊ စက်တင်ဘာလ (၂၆)ရက်
(၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံနေရာများအား ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ၊ လွတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ ကုမ္ပဏီအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများတို့သည် စက်တင်ဘာလ (၂၆)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။


