ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ‌ ဒေါ်နန်းသူဇာ၀င်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဌာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများအား တင်ဒါအောင်ကုမ္ပဏီများ၊ဒေသခံရပ်မိ/ရပ်ဖများ ၊ကျေးရွာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး

ကော့ကရိတ် ဒီဇင်ဘာလ (၁၂)ရက် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့၊နံနက်ပိုင်းအချိန်တွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစောဘီစံသိန်းမြင့်တို့သည် တာဝန်ရှိဌာနဆိုင်ရာများလိုက်ပါလျှက်၂၀၂၀ -၂၀၂၁ ဘဏ္ဌာရေးနှစ်အတွင်းဆောင်ရွက်မည့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများအား တင်ဒါအောင်ကုမ္ပဏီများ၊ဒေသခံရပ်မိ/ရပ်ဖများ ၊ကျေးရွာတာဝန်ရှိသူများ နှင့်ကွင်းဆင်း၍လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်အားရှင်းလင်း တင်ပြ​ ညှိနှိုင်းဆောင်ရွက်ခြင်း၊၂၀၂၁ -၂၀၂၂ ဘဏ္ဌာရေးနှစ်တွင်ဆောင်ရွက်မည့် လမ်း၊တံတားတည်ဆောက်ရေးလုပ်ငန်းများအားစီမံကိန်း လျာထားနိုင်ရေးအတွက် ​ ဆောင်ရွက်ပေး​​ခြင်း ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းတိုင်းတာခြင်း စီစစ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့​ပါသည်။