ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ရုံးမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်​ပြုရံပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ ဒီဇင်ဘာလ (၁၆)ရက် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နေ့လယ် (၁၃၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ကရင်ပြည်နယ်လွှတ်တော်ရုံးမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်​ပြုရံပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင် ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေကော်မတီ ဥက္ကဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ (16- December -2020) Wednesday