ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် မြိုင်ကြီးငူအထူးဒေသ၊ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းသို့ စားသုံးကုန်များ သွားရောက်လှူဒါန်းခဲ့။

ဘားအံ ဒီဇင်ဘာလ (၁၈)ရက်

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၊ လူမှုရေး ၀န်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာ၀န်ရှိသူများတို့သည် (၁၈.၁၂.၂၀၂၀)ရက်နေ့ ၊နံနက်(၀၉၀၀)နာရီအချိန်တွင် CPI community partnership of international အပြည်ပြည်ဆိုင်ရာ လူမှုမိတ်ဘက်အဖွဲ့အစည်းက လှူဒါန်းသည့် ဆန်အိတ်ကြီး (၃၅၀)အိတ်၊ ဆန်အိတ်သေး (၄၈၄)အိတ်၊ ကြက်သွန်၊ပဲ၊ဆီ၊အာလူး လေးမျိုးပေါင်း (၃၀၀)အိတ်ကို အိမ်ထောင်စု စုစု ပေါင်း(၈၅၇) အိမ်ထောင်စုများအတွက် စားသောက် ကုန်ပစ္စည်းများ သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီးနေရပ်စွန့်ခွာ ပြည်သူများစခန်းမှ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲသို့ သွားရောက်ပြီး စက်ချုပ်သင်တန်းသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

(18- December- 2020)

Friday