ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း။

ဘားအံ၊ စက်တင်ဘာလ (၂၈)ရက် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့၊နေ့လယ်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ‌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကား‌ပြောကြားပြီး၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦးမှ တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီးနောက် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ‌ ဒေါ်နန်းသူဇာ၀င်း၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦး၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (28-September-2020) Monday