ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (၂၀၀×၃၀×၂၄)RCC (နှစ်ထပ်) ဆောက်လုပ်နေခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့။

ကော့ကရိတ်၊ ဇွန်လ (၂၅)ရက် ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်ပြည်ထောင်စုရန်ပုံငွေ၊ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန် ထမ်းများ (QC)အဖွဲ့များမှ ကော့ကရိတ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (၂၀၀× ၃၀ ×၂၄) RCC(နှစ်ထပ်)ဆောက်လုပ်နေခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (25.June.2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်။

ကော့ကရိတ်၊ ဇွန်လ (၂၅)ရက် ၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ်၊ပြည်ထောင်စုရန်ပုံငွေ၊ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ(QC)အဖွဲ့များမှ ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် (၂၅.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ (25-June-2020) ThursdayFirst Day

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်။

ဘားအံ၊ ဇွန်လ (၂‌၃)ရက် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၁၃၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် အဖွင့်အမှာစကားပြောကြားပြီး၊ အစည်းအဝေးမှ တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးနှင့် အရည်အသွေးစိစစ်အကြုံပြုရေးကော်မတီ၀င်များ၊ လွှတ်‌တော်ရုံးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (23-June-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ခရမ်းကျွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လိုအပ်သည့် ဘိလပ်မြေအိတ်( ၅၀၀)အား‌ ပေးအပ်လှူဒါန်းခဲ့။

လှိုင်းဘွဲ၊ ဇွန်လ (၂၃)ရက် (၂၃.၆.၂၀၂၀)ရက်နေ့တွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးခင်ချို၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ခရမ်းကျွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောက်လုပ်ရန်အတွက် လိုအပ်သည့် ဘိလပ်မြေအိတ်( ၅၀၀)အား‌ ကျောင်းထိုင်ဆရာတော်ကိုပေးအပ်လှူဒါန်းခဲ့ပါသည်။ (23-June-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကော့ကရိတ်မြို့နယ်၊ နောင်ထက်ပံကျေးရွာရှိ နောင်ထက်ပံကျေးရွာချင်းဆက်လမ်းနှင့် တံတားတည်‌ဆောက်နေမှုအား ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှူ

ကော့ကရိတ်၊ ဇွန်လ (‌၂၀)ရက် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ နောင်ထက်ပံကျေးရွာရှိ နောင်ထက်ပံကျေးရွာချင်းဆက်လမ်းနှင့် တံတားတည်‌ဆောက်နေမှုအား သွားရောက်ပြီး ဇွန်လ(‌၂၀) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့ခဲ့ပါသည်။ (20-June-2020) Saturday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများ ကျေးရွာအရောက်ပေးအပ်။

လှိုင်းဘွဲ၊ ဇွန်လ (၂၀)ရက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများက ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကဒီကံကျေးရွာအုပ်စုတွင် သက်ကြီးဘိုးဘွား(၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၃၉)ဦး၊ တာပေါင်ကျေးရွာအုပ်စုတွင် သက်ကြီးဘိုးဘွား(၂၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၁၉၅)ဦး တို့ကို ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ (20-June-2020) Saturday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ထပ်ဆောင်းထောက်ပံ့ငွေများ ကျေးရွာအရောက်ပေးအပ်။ လှိုင်းဘွဲ၊ ဇွန်လ (၁၉)ရက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား Covid-19 ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများက ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကျုံပကိုကျေးရွာတွင် သက်ကြီးဘိုးဘွား(၈)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၁၄၅)ဦး၊ဂျို့ချောင်းကျေးရွာတွင် သက်ကြီးဘိုးဘွား(၁၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၉၄)ဦး၊ ရွှေဂွန်းကျေးရွာတွင် သက်ကြီးဘိုးဘွား(၄၇)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် (၂)နှစ်အောက်ကလေးငယ်(၃၀၆)ဦး၊ သာယာကုန်းကျေးရွာတွင် သက်ကြီးဘိုးဘွား(၃၄)ဦး၊ ကိုယ်ဝန် ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက်ကလေးငယ် (၁၄၁၂)ဦး တို့ကို ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ (19.June.2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်။

ဘားအံ ဇွန်လ (၁၉)ရက် (၁၉.၆.၂၀၂၀) ရက်နေ့၊ နံနက်(၀၇၃၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများတို့သည် ကျင်းပပြုလုပ်သော ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၇၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ကို ပြည်နယ်ကညနရုံးနှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေး သင်တန်းကျောင်းလမ်းတစ်လျှောက်တွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့‌ကြပါသည်။ (19-June-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီ အစည်းအဝေး အခမ်းအနား ပြုလုပ်။

ဘားအံ၊ ဇွန်လ (၁၈)ရက် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁‌၈)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီ အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်အောင်မှ တင်ပြ‌ဆွေးနွေးပြီးနောက် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြုံပြု‌ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ‌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်‌အောင်၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။ (18-June-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် လွှတ်တော်ရုံး၀န်းထမ်းများသည် ခေမာသီဝံဘုန်းတော်ကြီး‌ကျောင်းအ၀င် လမ်းဘေးဝဲယာနှင့် ဘုန်းကြီး ကျောင်းပရဝုဏ်အတွင်း၌ ငုပင်(၃၀၀)နှင့် စိန်ပန်းနီပင် (၁၀၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့။

ဘားအံ ဇွန်လ (၁၈)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံး၀န်းထမ်းများသည် (၁၈.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၇၀၀)နာရီအချိန်တွင် ခေမာသီဝံ ဘုန်းတော်ကြီးကျောင်းအ၀င် လမ်းဘေးဝဲယာနှင့် ဘုန်းကြီးကျောင်းပရဝုဏ်အတွင်း၌ ငုပင်(၃၀၀) ပင်၊ စိန်ပန်းနီ(၁၀၀) ပင် တို့အား ဆရာတော်ဘုရား၏ မေတ္တာစေတနာများအား ရှေ့ထားပြီး စုပေါင်းစိုက်ပျိူးခဲ့ကြပါသည်။ (18-June-2020) Thursday