ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်းမြေဖို့ခြင်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှူစစ်ဆေး

ဘားအံ၊ ဇွန်လ (၁၆) ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်း မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံမည့်နေရာများအား ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးနှင့် အရည်အသွေးစိစစ်အကြုံပြုရေးကော်မတီ၀င်များ၊ မြင့်မြတ်သံလွင်ကုမ္ပဏီအဖွဲ့၀င်နှင့် တာ၀န်ရှိသူများ ဇွန်လ (၁၆)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။ (16-June-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရုံးသုံးပစ္စည်းများ ၀ယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်။

ဘားအံ၊ ဇွန်လ (၁၅)ရက် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁‌၅)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရုံးသုံးပစ္စည်းများ ဝယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ အစည်းအဝေးကို တက်ရောက်လာသူများက အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးနှင့် တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။ (15-June-2020) Monday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၊ ဒိုင်းပြတိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းသို့ အလှူငွေများ သွားရောက်လှူဒါန်းခဲ့။

လှိုင်းဘွဲ၊ ဇွန်လ (၁‌‌၃)ရက် (၁၃-၆-၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၊ ဒိုင်းပြတိုက်ကျောင်း ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အလှူငွေ ကျပ်သိန်း (၃၀) သွားရောက်လှူဒါန်းခဲ့ကြပါသည်။ (13-June-2020) Saturday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်၊ တင်ဒါကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေး ကျင်းပပြုလုပ်။

ဘားအံ ဇွန်လ (၁၂)ရက် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ တင်ဒါကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးမှ ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ အစည်းအဝေးကို တက်ရောက်လာသူများက အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးနှင့် အရည်အသွေးစိစစ်အကြုံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် တိုင်းတော်ထူးကုမ္ပဏီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ (12-June-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရုံးသုံးပစ္စည်းများ ၀ယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်။

ဘားအံ၊ ဇွန်လ (၁၁)ရက် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁‌၁)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရုံးသုံးပစ္စည်းများ ၀ယ်သူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်းက အဖွင့်အမှာစကားပြောကြားပြီး၊ လွှတ်တော်ရုံးညွှန်ကြာရေးမှူးဒေါက်တာသက်ဇော်ဦးမှ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၀ယ်ယူမည့်ပစ္စည်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးမှ တက်ရောက်လာသူများမှ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။ (11-June-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့်အမျိုးသားလူနာ ၃ ဦး(လူကြီး၂ဦး၊ကလေး ၁ဦး)အား သွားရောက်ကြည့်ရှု့၍ ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစောဘီစံသိန်းမြင့်တို့သည် (၉.၆.၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့သို့ ရောက်ရှိ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသောယမန်နေ့ည ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အမျိုးသားလူနာ ၃ ဦး(လူကြီး၂ဦး၊ကလေး ၁ဦး)အား သွားရောက်ကြည့်ရှု့ခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ယမန်နေ့ညတွင် ကော့ကရိတ်မြို့ရှိ မြို့မရဲစခန်းအနီး၌ ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာတွင် အမျိုးသား ၃ ဦး ဗုံးစထိမှန်ပြီး ဒဏ်ရာ(သာမန်)ရရှိခဲ့ကြကြောင်း သိရှိရပါသည်။ (9-June-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စုတွင်စုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်။

လှိုင်းဘွဲ၊ ဇွန်လ (၉)ရက် (၉.၆.၂၀၂၀) ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင်ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္ထုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌စောပြည်သာ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဦးခင်ချိုနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း၍ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စုရှိ ကော့လုံကျွန်း၊ ကျွန်းပတ်လမ်း တစ်လျှောက်တွင် ငုဝါပင် (၅၀၀၀) စိုက်ပျိုးခဲ့‌ကြပါသည်။

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်၊ တင်ဒါကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေး ကျင်းပပြုလုပ်။

ဘားအံ ဇွန်လ (၈)ရက် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၈)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ လွှတ်တော်ရုံးညွှန်ကြာရေးမှူးဒေါက်တာသက်ဇော်ဦးမှ ဖြည့်စွက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးမှ တက်ရောက် လာသူများမှ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူး၊ နိုင်၀င်းအောင်ကုမ္ပဏီအဖွဲ့နှင့် တိုင်းတော်ထူးကုမ္ပဏီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ (8-June-2020)Monday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လွှတ်တော်ကိုယ် စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းမြေဖို့ခြင်းလုပ်ငန်းများအားကွင်းဆင်းကြည့်ရှူ

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ် စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်းမြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံ နေရာများအား ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များနှင့် တာ၀န်ရှိသူများ ဇွန်လ (၇)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ (7-June-2020) Sunday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကော့ရင်းအောက်ကျေးရွာရှိ ဆည်မြောင်းဦးစီးဌာနမှဖောက်လုပ်ခဲ့သည့်အရှည် (၄.၂၅)မိုင်ရှိ တူးမြောင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှူ

ဘားအံ ဇွန်လ (၇)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် ကော့ရင်းအောက်ကျေးရွာရှိ ဆည်မြောင်းဦးစီးဌာနမှဖောက်လုပ်ခဲ့သည့်အရှည် (၄.၂၅)မိုင်ရှိ တူးမြောင်းအားလွှတ်တော်ရုံးညွှန်ကြားရေးမှူး၊ တာ၀န်ရှိသူများနှင့်အတူ သွားရောက်ပြီး ဇွန်လ (၇)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့ခဲ့သည်။ (7-June-2020) Sunday