ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –       ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)

မေးခွန်း         –       ဖာပွန်ခရိုင်၊ ကတိုင်တိတိုက်နယ်ဆေးရုံတွင်လစ်လပ်လျှက်ရှိသောလက်ထောက် ဆရာဝန်နေရာအား အမြန်ဆုံးပြန်လည်ခန့်ထားပေးရန်အစီအစဉ် ရှိ/မရှိ၊

ဖြေကြားသူ    –       ဦးဘိုဘိုဝေမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး   

အဖြေ     –              အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား၊ကုသရေးဦးစီးဌာန၏                      (၄-၆-၂၀၂၀)ရက်စွဲပါစာအမှတ်ဖြင့် ဖာပွန်ခရိုင်၊ ကတိုင်တိတိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန်တာဝန်ခံကို မြဝတီခရိုင်၊ ဝေါလေတိုက်နယ်ဆေးရုံသို့ ပြောင်းရွှေ့တာဝန်ချထားခဲ့ပါသဖြင့် လစ်လပ်လျှက်ရှိသော ၎င်းနေရာတွင် တိုက်နယ်ဆရာဝန်တဦးခန့်ထားပေးနိုင်ပါရန် ကရင်ပြည်နယ်ကုသရေးဦးစီးဌာနမှ (၁၈-၈-၂၀၂၀)ရက်စွဲပါစာအမှတ်ဖြင့် ကုသရေးဦးစီးဌာန နေပြည်တော်သို့ တင်ပြ တောင်းခံထားပြီးဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။