ကရင်ပြည်နယ်လွှတ်တော်ရုံး ကြေညာချက်အမှတ် (၁/၂၀၂၁) ၁၃၈၂ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ရက်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၂၊ ပုဒ်မခွဲ(ခ)၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၉နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ကရင်ပြည်နယ် လွှတ်တော်ရုံး၌ ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်)၊ အင်္ဂါနေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။ (ပုံ) စောချစ်ခင် ဆက်လက်ဖတ်ရှု့ရန်
Author: admin
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကရင်ပြည်နယ်လွှတ်တော်ရုံး ကြေညာချက်အမှတ် ( ၁ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်) တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၂၊ ပုဒ်မခွဲ(ခ)၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၉နှင့် ၂၀၁၃ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ကရင်ပြည်နယ် လွှတ်တော်ရုံး၌ ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်)၊ အင်္ဂါနေ့၊ နံနက် ၁၀:၀၀ ဆက်လက်ဖတ်ရှု့ရန်
၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း။
ဘားအံ၊ စက်တင်ဘာလ (၂၈)ရက် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့၊နေ့လယ်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦးမှ တည်ဆောက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီးနောက် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးဒေါက်တာသက်ဇော်ဦး၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (28-September-2020) Monday
ကရင်ပြည်နယ်လွှတ်တော်ရုံး၏ ၂၀၂၀ -၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် Tender Proposal ဖွင့်ဖောက်ခြင်း အခမ်းအနား
ဘားအံ ဒီဇင်ဘာလ (၂၃)ရက် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ (၁၀၀၀)နာရီအချိန် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ကရင်ပြည်နယ်လွှတ်တော်ရုံး၏ ၂၀၂၀ -၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် Tender Proposal ဖွင့်ဖောက်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ -Lot – 1 လုပ်ငန်းအတွက် – Car Parking တည်ဆောက်ခြင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ Box Culvert (၂)ခု၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာနှင့် ခြံစည်းရိုးကာရံခြင်း၊ ကိုယ်စားလှယ်နားနေဆောင်၀င်းကွန်ကရစ်ခင်းခြင်းနှင့် ကားပါကင်ဆောင်ရွက်ခြင်း။ ၁။ ရွှေတံတိုင်းမြေကုမ္ပဏီ ၂။ တိုင်းတော်ထူးကုမ္ပဏီ ၃။ ဂင်္ဂါရွှေရည်ကုမ္မဏီLot – 2 လုပ်ငန်းအတွက်- ဒုတိယဦးစီးမှူးနှင့် အခြားအဆင့်နေအိမ် (၆)ခန်းတွဲ (၃)ထပ် တည်ဆောက်ခြင်းလုပ်ငန်း။ ၁။ အရုဏ်သစ်အားမာန်ကုမ္ပဏီ ဆက်လက်ဖတ်ရှု့ရန်
၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက်ခြင်းအခမ်းအနား webinar -zoom ( online meeting)
ဘားအံ ဒီဇင်ဘာလ (၂၂)ရက် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ Renaissance Institute နှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာ ရေးနှစ် ကရင်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ စာစောင်မိတ်ဆက်ခြင်းအခမ်းအနားကို Webinar- zoom(online meeting) ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ Renaissance Institute နှင့် The Asia Foundation တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြာခြင်း၊ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၏ ဘတ်ဂျက်စာစောင်ကို ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းခြင်းနှင့် တက်ရောက်လာသူများမှဘတ်ဂျက်စာစောင်နှင့် စပ်လျဉ်း၍သိရှိလိုသော မေးခွန်းများမေးမြန်းခြင်း၊ အကြံပြုချက်များပေးခြင်းနှင့် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြပါသည်။ အဆိုပါ (Online meeting) အခမ်းအနားသို့ ဆက်လက်ဖတ်ရှု့ရန်
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် မြိုင်ကြီးငူအထူးဒေသ၊ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းသို့ စားသုံးကုန်များ သွားရောက်လှူဒါန်းခဲ့။
ဘားအံ ဒီဇင်ဘာလ (၁၈)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၊ လူမှုရေး ၀န်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာ၀န်ရှိသူများတို့သည် (၁၈.၁၂.၂၀၂၀)ရက်နေ့ ၊နံနက်(၀၉၀၀)နာရီအချိန်တွင် CPI community partnership of international အပြည်ပြည်ဆိုင်ရာ လူမှုမိတ်ဘက်အဖွဲ့အစည်းက လှူဒါန်းသည့် ဆန်အိတ်ကြီး (၃၅၀)အိတ်၊ ဆန်အိတ်သေး (၄၈၄)အိတ်၊ ကြက်သွန်၊ပဲ၊ဆီ၊အာလူး လေးမျိုးပေါင်း (၃၀၀)အိတ်ကို အိမ်ထောင်စု စုစု ပေါင်း(၈၅၇) အိမ်ထောင်စုများအတွက် စားသောက် ကုန်ပစ္စည်းများ သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီးနေရပ်စွန့်ခွာ ပြည်သူများစခန်းမှ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲသို့ သွားရောက်ပြီး စက်ချုပ်သင်တန်းသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။ (18- December- 2020) Friday
ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေး အောင်မြင်စွာကျင်းပရေးနှင့် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာ ရေးနှစ် REနှင့် ၂၀၂၁ – ၂၀၂၂ခု ဘဏ္ဍာ ရေးနှစ် BE တင်ပြတောင်းခံခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်။
ဘားအံ၊ ဒီဇင်ဘာလ (၁၇)ရက် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နေ့လယ် (၁၃၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေး အောင်မြင်စွာကျင်းပရေးနှင့် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ် REနှင့် ၂၀၂၁ – ၂၀၂၂ခု ဘဏ္ဍာရေးနှစ် BE တင်ပြတောင်းခံခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။အစည်းအဝေးတွင် ရေးရာကော်ဲ မတီအဖွဲ့ဝင်များ(ပြင်ပပုဂ္ဂိုလ်များ)အားဂုဏ်ပြု လက်မှတ်နှင့်ဂုဏ်ြကြ်ဆေါင်ပေးအပ်နိုင်ရေး၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အသစ်များအားမိတ်ဆက်ခြင်းအစီအစဉ်နှင့် တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ဆောင်ရွက်ရမည်လုပ်ငန်းစဉ်များ အားညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ (17 – December – 2020) Wednesday
ကရင်ပြည်နယ်လွှတ်တော်ရုံးမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း။
ဘားအံ ဒီဇင်ဘာလ (၁၆)ရက် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နေ့လယ် (၁၃၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ကရင်ပြည်နယ်လွှတ်တော်ရုံးမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင် ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေကော်မတီ ဥက္ကဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ (16- December -2020) Wednesday
ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်ခြင်း။
ကော့ကရိတ် ဒီဇင်ဘာလ (၁၅)ရက် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့ ၊နံနက်ပိုင်းတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်တို့သည် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တာ၀န်ရှိသူများနှင့် ကော့ကရိတ် မြို့ အ ထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အစည်းအဝေး ခန်း၌တွေ့ ဆုံ ၍ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဥ်း၍ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ (15- December -2020) Tuesday
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာရှိကျေးလက်ဈေးအား သံကူ(၂)ထပ် ဈေးသစ်ဆောက်လုပ်ရန် ပန္နတင်မင်္ဂလာအခမ်းအနားနှင့် လှိုင်းဘွဲမြို့၊ မြို့၀င်ပန်းခြံ ဖွင့်ပွဲအခမ်းအနားတက်ရောက်
လှိုင်းဘွဲ ဒီဇင်ဘာလ(၁၃)ရက် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၀၇၃၀)အချိန် လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာရှိကျေးလက်ဈေးအား သံကူ(၂)ထပ် ဈေးသစ်ဆောက်လုပ်ရန်အတွက် ပန္နတင်မင်္ဂလာအခမ်းအနားကျင်းပပြလုပ်ခဲ့ရာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပအိုဝ့်တိုင်းရင်းသားရေးရာ၀န်ကြီးဦးခွန်မျိုးတင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၊လှိုင်းဘွဲမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာ၀န်ရှိသူများတို့မှ တက်ရောက်၍ ပန္နရိုက် အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ပြီး ဈေးဆောက်လုပ်မည့်နေရာနှင့် ယာယီဈေးဆောင်ရွက်ထားရှိမှုများအား လှည့်လှည်ရှု့ခဲ့ကြပါသည်။ ဆက်လက်ပြီး လှိုင်းဘွဲမြို့နယ်တွင် လှိုင်းဘွဲမြို့၏ကျက်သရေဆောင် မြို့ဝင်ပန်းခြံဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်(၀၈၃၀) အချိန် ၌ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ ဦးစောချစ်ခင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦးနှင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး သူရဦးမြင့်သူ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဆက်လက်ဖတ်ရှု့ရန်