ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏အာမခံ ချက်များ၊ကတိများ၊တာဝန်ခံချက်များနှင့်တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးကျင်းပ

လွှတ်တော်ရုံး Minor Meeting Room၌ကျင်းပပြုလုပ်သည့် ကရင်ပြည်​နယ်​အစိုးရအဖွဲ့၏အာမခံ ချက်​များ၊ကတိများ၊တာဝန်​ခံချက်​များနှင်​့တိုင်​ကြားစာ၊အသနားခံစာဆိုင်​ရာ စိစစ်​​ရေး​ကော်​မတီ၏ ဒုတိယ အကြိမ်​ ကရင်​ပြည်​နယ်​လွှတ်​​တော်​ဒသမပုံမှန်​အစည်​းအ​ဝေးတွင်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များ​မေးမြန်​းခဲ့သည်​့ ကြယ်​ပွင်​့ပြ/ မပြ ​မေးခွန်​းများအနက်​ ကတိဖြစ်​​မေးခွန်​းများ ​ရွေးချယ်​သတ်​မှတ်​​ပေးနိုင်​​ရေးအတွက်ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​များဖြစ်​ကြ သည်​့ ဦး​စောထူးက​ပေါ်၊ ဦးတင်​မျိုးဦး၊ ဦး​စောဝင်​းထိန်​၊ ဦးအိုက်​ကျန်​ခမ်​း၊ ဦးသန့်ဇင်​​အောင်​၊ ကတိကဝတ်​​ကော်​မတီဥက္ကဌ ဦး​စောလှမြင်​့၊ကရင်​ပြည်နယ်လွှတ်​တော်​ရုံး ဒုတိယညွှန်​ကြား​ရေးမှူး ဒေါ်နန်းစိုးစိုးသန်းနှင့် ရုံးအဖွဲ့တို့က ညှိနှိ်ုင်းအစည်းအဝေးသို့ တက်​​ရောက်​ခဲ့ပါသည်​။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက် သည့်အခါ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့်အရာများကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးနေပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံစဉ်တွင် အကောင်အထည်မဖော်ရသေးသည့် ကိစ္စရပ် များရှိပါကလည်း တင်ပြနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ယခုကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လာရောက်တွေ့ဆုံရာတွင် မိမိတို့ကျေးရွာများမှ ပြည်သူများက သိရှိလိုသည့် အကြောင်းအရာများကို အုပ်ချုပ်ရေးမှူးများက မေးမြန်းတင်ပြကြစေလိုကြောင်း၊ မိမိရပ်ရွာသို့ ပြန်ရောက်သည့်အခါတွင်လည်း ယခုတွေ့ဆုံပွဲမှ သိရှိခဲ့သည့်အကြောင်းအရာများကို ကျေးရွာလူထုများ ထံသို့ ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခင်နှစ်များထက် ပိုမိုများပြားနိုင

သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်ကိုက်ခြင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပြီး သာမာန်ဖျားနာသော အဆင့်မှ အသက်အန္တရာယ် ရှိသည်အထိ ပြင်းထန်မှု ရှိသော ရောဂါတစ်မျိုး ဖြစ်ရာ လွန်ခဲ့သော (၅)နှစ်တာ အတွင်း ရောဂါဖြစ်ပွားမှု စာရင်းများကို နှိုင်းယှဉ်၍ ပညာရှင်များ၏ ခန့်မှန်းမှုအရ ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ယခင်နှစ်များထက် ပိုမို များပြားနိုင်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ကျင်းပသည့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ် နှိမ်နှင်းရေး လုပ်ငန်းများဆိုင်ရာ ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲမှ သိရသည်။ ဆွေးနွေးပွဲကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စောချစ်ခင် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဆက်လက်ဖတ်ရှု့ရန်