ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပြည်နယ်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေစေရေး

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်ပြည်နယ်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး နေ့အခမ်းအနားကို ၂၅.၅.၂၀၁၉ ရက်နေ့ ဝ၉၀ဝ နာရီအချိန်တွင် ဘားအံမြို့ အ.ထ.က ( ၁ )ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မွန်တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဦးမင်းတင်ဝင်း၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မိလများတက်ရောက်ခဲ့ကြပါသည် ဆက်လက်၍ ကျောင်းသူကျောင်းသားများမှ မြန်မာ့ကျောင်း သီချင်းဖြင့် အခမ်းအနား အားဖွင့်လှစ်ခြင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မွန်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းမှ အမှာစကားပြောကြားခြင်း၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားခြင်း၊ ကရင်ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များအား ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ၂၆.၅.၂၀၁၉ ရက်နေ့ ၁၀ဝ၀ နာရီတွင် ဘားအံမြို့၊ပြည်နယ်ကျန်းမာရေးရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ဇော်လင်းမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ဒေါက်တာမင်းမျိုးကြည်မှ မိုးတွင်းကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးအန္တရာယ် အကြောင်းအား ရှင်းလင်းခြင်းနှင့်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသူများမှလည်း သိရှိလိုသည်များအားမေးမြန်းခြင်း၊ တာဝန်ရှိသူများမှလည်းပြန်လည် ဖြေကြားခဲ့ကြ ကြောင်းသတင်းရရှိပါသည်။