ဘားအံ သြဂုတ်လ ၁၈
(၁၈.၈.၂၀၁၉)ရက်နေ့ နံနက်ပိုင်း(၇)နာရီအချိန် မြဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ လာရောက်လှူဒါန်းထားသော ရေဘေးသင့်ကူညီရေးပစ္စည်း(ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ ငါးသေတ္တာဗူး၊ ရေသန့်၊ အဝတ်အထည်၊ ဆေး၊ မုန့်ပုံးနှင့် အလှူငွေ[၄၁၇၁၀၀၀]ကျပ်) ကို
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသန်းရွှေ၊ ဒေါ်ခင်သူဇာ(ပတ္တမြားမယ်) မိသားစုတို့မှ ဦးဆောင်၍ စည်ပင်ကော်မတီဝင်များ၊ စည်ပင်ဝန်ထမ်းများမှ ကော့ကရိတ်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းခဲ့ရာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းနုနှင့် တာဝန်ရှိသူများက လက်ခံပေးခဲ့ကြပါသည်။




