ကရင်ပြည်နယ်လွှတ်တော်ရုံး ဌာနခွဲ၊ ဌာနစုများအလိုက် လုပ်ငန်းတာဝန်များ

ဌာနခွဲ(၁)၊ဌာနစု(၁)လွှတ်တော်အစည်းအဝေး

  • အစည်းအဝေးဖိတ်ကြားခြင်း။ (ပုံမှန်/အထူး/အရေးပေါ်/တံခါးပိတ်)
  • အစည်းအဝေး အစီအစဉ်ဆွဲခြင်း။
  • ရွေးချယ်တင်မြှောက်ခြင်းနှင့် ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များ။
  • ဆန္ဒမဲပေးခြင်းဆိုင်ရာကိစ္စရပ်များ။
  • အစည်းအဝေးမှတ်တမ်းဆိုင်ရာကိစ္စရပ်များ။

ဌာနခွဲ(၁)၊ဌာနစု(၂) ရေးရာကော်မတီများဌာန

  • ကော်မတီနှင့် အဖွဲ့အစည်းများဖွဲ့စည်းခြင်း။
  • ကိုယ်စားလှယ်များ စိစစ်ရေးကိစ္စရပ်များ။
  • တိုင်းရင်းသားလူမျိုးရေးရာကိစ္စရပ်များ။
  • အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်မှုကိစ္စရပ်များ။
  • အစီရင်ခံစာကိစ္စရပ်များ။

ဌာနခွဲ(၁)၊ဌာနစု(၃)ဥပဒေ

  • ဥပဒေကြမ်း တင်သွင်းခြင်း။
  • ဥပဒေကြမ်း အတည်ပြုခြင်း။
  • ဥပဒေ ထုတ်ပြန်ခြင်း။
  • ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာကိစ္စရပ်များ။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈၊ ဇယား ၂ ပါ ဥပဒေကိစ္စရပ်များ၊
  • နယ်နိမိတ်ပြင်ဆင်သတ်မှတ်ခြင်း။

ဌာနခွဲ(၁)၊ဌာနစု(၄)အဆို/မေးခွန်းဌာန

  • မေးခွန်းများနှင့် စပ်လျဉ်းသောကိစ္စရပ်များ။
  • အဆိုဆိုင်ရာကိစ္စရပ်များ။
  • မေးခွန်း/အဆိုကိစ္စရပ်များနျင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း။
  • အာမခံချက်နှင့် ကတိကဝတ်ဆိုင်ရာကိစ္စရပ်များ။

ဌာနခွဲ(၂)၊ဌာနစု(၅)စီမံ/ဘဏ္ဍာ

  • နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ဆက်သွယ် ဆောင်ရွက်ရသည့်ကိစ္စရပ်များ။
  • မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့ကိစ္စရပ်များ။
  • အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လိုအပ်သော အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ။
  • သတင်းမီဒီယာများနှင့် ဆက်သွယ်မှုဆိုင်ရာကိစ္စရပ်များ။
  • ထူးခြားဖြစ်စဉ်များနှင့် အချိန်နှင့်တပြေးညီတင်ပြရမည့်ကိစ္စရပ်များ။
  • ပြည်တွင်း ပြည်ပခရီးသွားလာရေးကိစ္စရပ်များ။
  • ဝန်ထမ်းရေးရာကိစ္စရပ်များ။
  • ဘဏ္ဍာငွေစာရင်းဆိုင်ရာကိစ္စရပ်များ။
  • လွှတ်တော်ကိုယ်စားလှယ်ရေးရာကိစ္စရပ်များ။

ဌာနခွဲ(၂)၊ဌာနစု(၆)အုပ်ချုပ်/ထောက်ပံ့ဌာန

  • အုပ်ချုပ်မှုဆိုင်ရာ ထောက်ပံ့မှုနှင့် ဝန်ဆောင်မှုကိစ္စရပ်များ။
  • အဆောက်အဦဆိုင်ရာကိစ္စရပ်များ။
  • ပရိဘောဂဆိုင်ရာကိစ္စရပ်များ။
  • သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ။
  • မော်တော်ယာဉ်ဆိုင်ရာကိစ္စရပ်များ။
  • စက်သုံးဆီဆိုင်ရာကိစ္စရပ်များ။

ဌာနခွဲ(၂)၊ဌာနစု(၇)ဥက္ကဋ္ဌရုံး

  • ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိတာဝန်ထမ်းဆောင်ခြင်း။
  • ဥက္ကဋ္ဌ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • ဥက္ကဋ္ဌ၏ ပြည်တွင်းပြည်ပခရီးစဉ်ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

ဌာနခွဲ(၂)၊ဌာနစု(၈)ဒုဥက္ကဋ္ဌရုံး

  • ဒုဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိတာဝန်ထမ်းဆောင်ခြင်း။
  • ဒုဥက္ကဋ္ဌ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • ဒုဥက္ကဋ္ဌ၏ ပြည်တွင်းပြည်ပခရီးစဉ်ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

ဌာနခွဲ(၂)၊ဌာနစု(၉) တိုင်ကြားစာနှင့်တင်ပြစာ ကိစ္စရပ်များဌာန

  • တိုင်ကြားစာနှင့် တင်ပြစာကိစ္စရပ်များ။
  • စုံစမ်းစစ်ဆေးခြင်း၊ ကြားနာစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ။

ဌာနခွဲ(၂)၊ ဌာနစု(၁၀)စာကြည့်တိုက်/မော်ကွန်းတိုက်နှင့် သုတေသနဌာန

  • စာကြည့်တိုက်/မော်ကွန်းတိုက်နှင့် သုတေသနလုပ်ငန်းများ။
  • အကြီးအကဲများ၏ မိန့်ခွန်းနှင့် မိန့်ခွန်းကောက်နုတ်ချက်များ။
  • သတင်းလွှာဆိုင်ရာကိစ္စရပ်များ။
  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ ဒေသဆိုင်ရာအချက် အလက်များ စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်း။
  • နည်းပညာနှင့် သတင်းအချက်အလက်ဆိုင်ရာကိစ္စရပ်များ။
  • မှတ်တမ်းများထိန်းသိမ်းခြင်း။

ICT ဌာနစိတ်

  • Information Technology  ကိုအခြေခံသည့်နည်းလမ်းများ တိုးမြှင့်အသုံးပြုနိုင်ရန်ဆောင်ရွက်ခြင်း။
  • ကရင်ပြည်နယ်လွှတ်တော်ရုံးနှင့် ကရင်ပြည်နယ်ဆိုင်ရာသတင်းများအား ကရင်ပြည်နယ်လွှတ်တော် Website ဖွင့်လှစ်ပြီး သတင်းများ ကောက်နုတ်တင်ပြနိုင်ရေးဆောင်ရွက်ရန်ခြင်း။
  • ရုံးလုပ်ငန်းစနစ်များအား E-Goverment စနစ်ဖြင့်ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သောအခြေခံအဆောက်အဦ (Infrastructure) များ တည်ဆောက်ခြင်း။
  • ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရေးရာကော်မတီ/အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် ချက်များအား ပြည်သူများသိရှိနိုင်ရန် Social Media တွင်တင်ပြ နိုင်ရေးဆောင်ရွက်ခြင်း။
  • ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်အချင်းချင်း ချိတ်ဆက်ဆောင်ရွက် နိုင်ရန်ဆောင်ရွက်ခြင်း။
  • ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်ဆောင်ရွက်ခြင်း။
  • သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ ဖော်ပြထုတ်ပြန် နိုင်ရန်ဆောင်ရွက်ခြင်း။