ဘားအံ ဇူလိုင် ၂၉
ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းဦးဆောင်လျှက် ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ စိစစ်အကြံပြုရေး ကော်မတီ ဥက္ကဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများသည် ၂၇.၇.၂၀၁၉ ရက်နေ့နှင့် ၂၈.၇.၂၀၁၉ ရက်နေ့တို့တွင် ကော့ကရိတ်
မြို့ပေါ်ရှိ နဘူးကျေးရွာ၊ထို့ကိုကိုးကျေးရွာ၊ ကော့ပလံကျေးရွာအတွင်းရှိ ပြည်ထောင်စုဘတ်ဂျက် ပြည်နယ်ဘတ်ဂျက်ဖြင့်
ဆောင်ရွက်လျှက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။




