ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကြယ်ပွင့်ပြမေးခွန်း ( ၂-၉-၂၀၂၀ )
မေးမြန်းသူ – ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဟတ်တလိုက်ကျေးရွာအုပ်စု၊ တာသူးခီးကျေးရွာရှိ အရှည်ပေ (၃၁၀၀) ရှိ ရွာတွင်းလမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ / မရှိ။
ဖြေကြားသူ – ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
အဖြေ – ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဟတ်တလိုက်ကျေးရွာအုပ်စု၊ တာသူးခီးကျေးရွာတွင်း လမ်းအရှည် (၃၁၀၀)ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်းအား နှစ်အလိုက် စီမံကိန်းလျာထားချက်တွင် ထည့်သွင်းပြီး ဘဏ္ဍာငွေခွဲဝေ ဝင်ဆန့်မှုပေါ်မူတည်၍ သင့်တော်ရာ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

