မေးမြန်းသူ – ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့မှ လော့ခေါ်ကျေးရွာသို့ ဆက်သွယ် ထားသော ဝေါလေ – အူဟူးထ – လော့ခေါ်ကျေးရွာချင်းဆက် မြေသားလမ်း (၄) မိုင်အား ကွန်ကရစ်လမ်းအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးဆောင်ရွက်ပေးသွား မည်ကို သိရှိလိုပါသည်။
ဖြေကြားသူ – ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
အဖြေ – မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့မှ လော့ခေါ်ကျေးရွာသို့ ဆက်သွယ် ထားသော ဝေါလေ – အူဟူးထ – လော့ခေါ် ကျေးရွာချင်းဆက်လမ်းအား ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း (၄/၀)မိုင်၊ ၁၀ပေကွန်ကရစ်တံတား (၂)စင်း၊ ၅ပေ Box Culvert(၅)ခု ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလမ်းအား ကျောက်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်နိုင် ရေး ဦးစားပေးလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလော တွင် ကွန်ကရစ်ခင်းရန် အစီအစဉ်မရှိပါကြောင်း တင်ပြအပ်ပါသည်။

