ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –         ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)

မေးခွန်း         –         ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ပေရှည် (၁၄၀၀) ပေရှိသော အင်ကြင်းလမ်းအား ၁၆’× ၆” ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ / မရှိ။

ဖြေကြားသူ    –         ဦးသန်းနိုင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး

အဖြေ             –        ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ပေရှည် (၁၄၀၀) ပေရှိသော အင်ကြင်းလမ်းအား ၁၆’× ၆” ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းကို ၂၀၂၀ – ၂၀၂၁ ခုဘဏ္ဍာရေးနှစ် အဆိုပြုစီမံကိန်းစာရင်း တွင် ထည့်သွင်းရေးဆွဲထားပြီး ဘတ်ဂျက်ကာလအမီ ထည့်သွင်းလျာထား နိုင်ခြင်းမရှိသဖြင့် သင့်တော်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။