မေးမြန်းသူ – ဦးအိုက်ကျန်ခမ်း၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)
မေးခွန်း – မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စုရှိ ရွှေကုက္ကိုလ်မှ ထီးကော်ထောကျေးရွာအထိ ဆက်သွယ်သောလမ်းမှာ အကွာအဝေး(၄)မိုင်ကျော် ခန့်ရှိ အဆင့်မြင့်ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ခင်းကျင်းပေးနိုင်ခြင်း အစီ အစဉ် ရှိ / မရှိ၊ ရှိပါကမည်သည့် ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ခင်းကျင်း ပေးနိုင် မည်ကိုသိရှိလိုပါသဖြင့် ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် မေးမြန်းရခြင်း ဖြစ်ပါသည်။
ဖြေကြားသူ – ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
အဖြေ – မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် – ထီးကော်ထော – မော်ဖားသူတောင်ခြေထိ အရှည် (၂၂/၀)မိုင်လမ်းအား၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်းဖောက်လုပ်ပြီးစီးခဲ့ ပြီဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက် လမ်း ၁/၄မိုင်(မိုင်တိုင် ၂၀/၄မိုင်မှ ၂၂/၀မိုင်ထိ)ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်လမ်း၁/၄မိုင်လျာထား ရှိပါသည်။
မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှ ထီးကော်ထော်ကျေးရွာသို့ ဆက်သွယ်သော လမ်းပိုင်း(၄/၀)မိုင်အနက်(၀မိုင်မှ ၃/၄မိုင်)အထိအား အမှတ်(၁၀၁၈)နယ်ခြားစောင့် တပ်မှ (၁/၂)လက်မကျောက်နှင့် (၃)လက်မကျောက်များအသုံးပြုကာ (၁၈)ပေ အကျယ်ကျောက်ခင်းလမ်း ဆောင်ရွက်ပေးခဲ့ပြိးဖြစ်ပါ၍ ကျန်ရှိနေသော မြေသား လမ်းပိုင်း (၁၉/၀)မိုင်အား အပိုင်းလိုက် ကျောက်လမ်းအဖြစ်သို့ အဆင့်မြှင့်ရန် ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးလျာထား ဆောင်ရွက်လျက်ရှိပါသဖြင့် ရွှေကုက္ကိုလ်-ထီးကော်ထော်လမ်းပိုင်းအား လက်တလောတွင် ကွန်ကရစ်လမ်းခင်း နိုင်ခြင်း မရှိသေးပါကြောင်း တင်ပြအပ်ပါသည်။

