ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –         ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –         မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသော မဲ့ထော်သလေးကျေးရွာအုပ်စု (မဲ့ထော်သလေးနှင့် ကျောက်ဖျာကွေ့ကြား) ကျောက်ဖျာကွေ့နေရာ (ပေ၁၅၀၀)ခန့်အား မြစ်ရေတိုက်စားမှုမှ အချိန်မှီကာကွယ်နိုင်ရန်အတွက် ယခုလာမည့် ဘဏ္ဍာရေးနှစ်အတွင်း ကျောက်စီမြစ်ကမ်းထိန်းနံရံတခု အမြန် ဆုံးတည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိ၊ ဖြေကြားသူ    –        ဦးစောပြည်သာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော/   သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အဖြေ             –        မြန်မာ-ထိုင်းနယ်နိမိတ်ဖြစ်သော သောင်ရင်းမြစ်ရေတိုက်စားမှုကြောင့် နိုင်ငံပိုင် မြေများဆုံးရှုံးမှု မရှိစေရန်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေး အလိုက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သောင်ရင်းမြစ်တွင် (၂၆၉၅)ပေ၊ ဂေါ်လီချောင်းတွင် (၂၅၀)ပေ ဆောင်ရွက်ပေးခဲ့ပါသည်။ မြဝတီမြို့နယ်၊ မဲ့ထော်သ လေးကျေးရွာအုပ်စု၊ (မဲ့ထော်သလေးနှင့်ကျောက်ဖျာကွေ့ကြား)တွင် သောင်ရင်း မြစ်ရေတိုက်စားမှုကြောင့် ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးဒုတိယနေ့တွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –         ဦးအိုက်ကျန်ခမ်း၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မေးခွန်း         –         မြဝတီခရိုင်၊ မြဝတီမြို့နယ်ရှိ ဇရပ်ဖြူကုန်းကျေးရွာမှ ထီးဝါပလောကျေးရွာ အထိ ဆက်သွယ်နေသောလမ်းမှာ အကွာအဝေး (၃) မိုင်ခန့်ကျော်ရှိ လမ်း အဆင့်မြင့် ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ခင်းကျင်းပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ၊ ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ခင်းကျင်း ပေးနိုင်မည် ကို သိရှိလိုပါသဖြင့် ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။ ဖြေကြားသူ    –         ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး     အဖြေ             –        မြဝတီမြို့နယ်၊ ဇရပ်ဖြူကုန်း – ထီးဝါပလောကျေးရွာအထိ လမ်းပိုင်းအား ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ကတ္တရာလမ်း (၈/၃) မိုင် ဖောက်လုပ်ခဲ့ပါသည်။ ၎င်းလမ်းသည် မိုးတွင်းကာလ ရေကြီးရေလျှံမှုကြောင့် ကတ္တရာလမ်းသားများ ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး မေးခွန်များ

မေးမြန်းသူ – ဦးအိုက်ကျန်ခမ်း၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မေးခွန်း         –         မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စုရှိ ရွှေကုက္ကိုလ်မှ ထီးကော်ထောကျေးရွာအထိ ဆက်သွယ်သောလမ်းမှာ အကွာအဝေး(၄)မိုင်ကျော် ခန့်ရှိ အဆင့်မြင့်ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ခင်းကျင်းပေးနိုင်ခြင်း အစီ အစဉ် ရှိ / မရှိ၊ ရှိပါကမည်သည့် ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ခင်းကျင်း ပေးနိုင် မည်ကိုသိရှိလိုပါသဖြင့် ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် မေးမြန်းရခြင်း ဖြစ်ပါသည်။ ဖြေကြားသူ    –         ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး     အဖြေ             –        မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် – ထီးကော်ထော – မော်ဖားသူတောင်ခြေထိ အရှည် (၂၂/၀)မိုင်လမ်းအား၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်းဖောက်လုပ်ပြီးစီးခဲ့ ပြီဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက် ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –         ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –         ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ပေရှည် (၁၄၀၀) ပေရှိသော အင်ကြင်းလမ်းအား ၁၆’× ၆” ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ / မရှိ။ ဖြေကြားသူ    –         ဦးသန်းနိုင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး အဖြေ             –        ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ပေရှည် (၁၄၀၀) ပေရှိသော အင်ကြင်းလမ်းအား ၁၆’× ၆” ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းကို ၂၀၂၀ – ၂၀၂၁ ခုဘဏ္ဍာရေးနှစ် အဆိုပြုစီမံကိန်းစာရင်း တွင် ထည့်သွင်းရေးဆွဲထားပြီး ဘတ်ဂျက်ကာလအမီ ထည့်သွင်းလျာထား နိုင်ခြင်းမရှိသဖြင့် သင့်တော်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲ၍ ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –         ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –         ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ တုတ်ကြီးကျေးရွာ အဝင်လမ်းအရှည် (၂.၅) မိုင်ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ / မရှိ။ ဖြေကြားသူ    –         ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး     အဖြေ             –        ဘားအံမြို့နယ်၊ တုတ်ကြီးကျေးရွာအဝင်လမ်းသည် ဘားအံမြို့နယ်နှင့် ဖာပွန်မြို့   နယ်တို့အား နယ်နိမိတ်ထိစပ်နေသည့်လမ်း ဖြစ်ပါသည်။ ၎င်းလမ်းအား မြေပြင် ကွင်းဆင်းတိုင်းတာချက်အရ ကမမောင်း-ဖာပွန်လမ်းမကြီးမှ ဝါးဒူး-တုတ်ကြီးရွာ အဝင်လမ်းမှာ အရှည် (၁/၁)မိုင်သာရှိကြောင်း စိစစ်သိရှိရပါသည်။ ၎င်းလမ်း(၁/၁) မိုင်အနက် ဖာပွန်မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဖာပွန်မြို့နယ်အပိုင်း(၀/၂)မိုင်အား  ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးပြီးဖြစ် ကြောင်း တင်ပြအပ်ပါသည်။                    ကျန်ရှိသော ဘားအံမြို့နယ်အပိုင်းဖြစ်သည့် ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကြယ်ပွင့်ပြမေးခွန်းများ

မေးမြန်းသူ     –         ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –         မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့မှ လော့ခေါ်ကျေးရွာသို့ ဆက်သွယ် ထားသော ဝေါလေ – အူဟူးထ – လော့ခေါ်ကျေးရွာချင်းဆက် မြေသားလမ်း (၄) မိုင်အား    ကွန်ကရစ်လမ်းအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးဆောင်ရွက်ပေးသွား မည်ကို သိရှိလိုပါသည်။ ဖြေကြားသူ    –        ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြေ             –        မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့မှ လော့ခေါ်ကျေးရွာသို့ ဆက်သွယ် ထားသော ဝေါလေ – အူဟူးထ – လော့ခေါ် ကျေးရွာချင်းဆက်လမ်းအား ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း (၄/၀)မိုင်၊ ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကြယ်ပွင့်ပြမေးခွန်းများ

မေးမြန်းသူ     –         ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –         မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု (မင်းလက်ပံကျေးရွာနှင့်အင်ကြင်းမြိုင် ကျေးရွားကြား (ကြို့ပင်ကွေ့)တွင် မြစ်ရေတိုက်စားမှုကြောင့် မြန်မာပိုင်နက် မြေများ နှစ်စဉ်ဆုံးရှုံးလျှက်ရှိရာ ၎င်းသောင်ရင်းမြစ်ကမ်းတလျှောက်တွင် ကျောက်စီမြစ်ကမ်းထိန်းနံရံများအမြန်ဆုံးတည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိနှင့်ရှိပါက အနီးစပ်ဆုံးမည်သည့်ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါသည်။ ဖြေကြားသူ    –        ဦးစောပြည်သာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော/ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အဖြေ             –        မြန်မာ-ထိုင်းနယ်နိမိတ်ဖြစ်သော သောင်ရင်းမြစ်ရေတိုက်စားမှုကြောင့် နိုင်ငံပိုင် မြေများဆုံးရှုံးမှုမရှိစေရေးအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေး အလိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သောင်ရင်းမြစ်တွင် (၂၆၉၅)ပေ၊  ဂေါ်လီချောင်းတွင် (၂၅၀)ပေ၊ ဆောင်ရွက်ပေးခဲ့ပါသည်။ မြဝတီမြို့နယ်၊ ဖလူးကျေး ရွာအုပ်စု၊ (မင်းလက်ပံကျေးရွာနှင့် အင်ကြင်းမြိုင်ကျေးရွာကြား)(ကြို့ပင်ကွေ့)တွင် သောင်ရင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုမှကာကွယ်ရန် ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးပထမနေ့တွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများ

မေးမြန်းသူ     –         ဦးအိုက်ကျန်ခမ်း၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မေးခွန်း         –         မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအတွင်းရှိ ဝှေ့ရှမ်း – မဲပလဲ့ – ရွှေကုက္ကိုလ် ဆက်သွယ်ထားသော လမ်းဆုံမှာ မကြာခဏယာဉ်တိုက်မှု ဖြစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားနေသော လမ်းဆုံမှာ မီးပွိုင့်အဖြစ် တပ်ဆင်တည်ဆောက်ပေးနိုင်ခြင်း အစီအစဉ် ရှိ / မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုပါ သဖြင့် ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်း ဖြစ်ပါသည်။ ဖြေကြားသူ    –        ဦးသန်းနိုင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး အဖြေ             –        အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ကျေးရွာရှိ အာရှလမ်းမကြီးနှင့် ဝှေ့ရှမ်း – မဲပလဲ့ – ရွှေကုက္ကိုလ်သို့ ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း နှင့် အဖြေများ

မေးမြန်းသူ     –         ဦးအိုက်ကျန်ခမ်း၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မေးခွန်း         –         မြဝတီခရိုင်၊ မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင် – ဝှေ့ရှမ်း – မဲပလဲ့ – စံပလိုက် – ထီးချားရာ – သဲပုံကျေးရွာနှင့် ရွှေကုက္ကိုလ်ဆက်သွယ်မည့်လမ်းသည် ထီးချားရာ – သဲပုံကျေးရွာနှင့် ရွှေကုက္ကိုလ် ဆက်သွယ်မည့်လမ်းပိုင်း အဆင့်မြင့် ကွန်ကရစ် လမ်းခင်းကျင်းပြီးစီးပြီး ဖြစ်သည့်အတွက် ကျန်လမ်းပိုင်း မဲပလဲ့ – စံပလိုက် – ထီးချားရာကျေးရွာထိ (၂) မိုင်ခန့်ကျန်သောလမ်းပိုင်းအား အဆင့်မြင့် ကွန်ကရစ်လမ်း ဖောက်လုပ်ပေးနိုင်ခြင်းအစီအစဉ် ရှိ / မရှိ။ ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ခင်းကျင်းပေးနိုင်မည်ကို သိရှိလိုပါသဖြင့် ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါသည်။ ဖြေကြားသူ    –        ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကြယ်ပွင့်ပြမေးခွန်းများ

မေးမြန်းသူ     –         ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –         ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဟတ်တလိုက်ကျေးရွာအုပ်စု၊ တာသူးခီးကျေးရွာရှိ အရှည်ပေ (၃၁၀၀) ရှိ ရွာတွင်းလမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ / မရှိ။ ဖြေကြားသူ    –        ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြေ             –        ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဟတ်တလိုက်ကျေးရွာအုပ်စု၊ တာသူးခီးကျေးရွာတွင်း လမ်းအရှည် (၃၁၀၀)ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်းအား နှစ်အလိုက် စီမံကိန်းလျာထားချက်တွင် ထည့်သွင်းပြီး ဘဏ္ဍာငွေခွဲဝေ ဝင်ဆန့်မှုပေါ်မူတည်၍ သင့်တော်ရာ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။