မေးမြန်းသူ – ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု (မင်းလက်ပံကျေးရွာနှင့်အင်ကြင်းမြိုင် ကျေးရွားကြား (ကြို့ပင်ကွေ့)တွင် မြစ်ရေတိုက်စားမှုကြောင့် မြန်မာပိုင်နက် မြေများ နှစ်စဉ်ဆုံးရှုံးလျှက်ရှိရာ ၎င်းသောင်ရင်းမြစ်ကမ်းတလျှောက်တွင် ကျောက်စီမြစ်ကမ်းထိန်းနံရံများအမြန်ဆုံးတည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိနှင့်ရှိပါက အနီးစပ်ဆုံးမည်သည့်ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါသည်။
ဖြေကြားသူ – ဦးစောပြည်သာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော/ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
အဖြေ – မြန်မာ-ထိုင်းနယ်နိမိတ်ဖြစ်သော သောင်ရင်းမြစ်ရေတိုက်စားမှုကြောင့် နိုင်ငံပိုင် မြေများဆုံးရှုံးမှုမရှိစေရေးအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေး အလိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သောင်ရင်းမြစ်တွင် (၂၆၉၅)ပေ၊ ဂေါ်လီချောင်းတွင် (၂၅၀)ပေ၊ ဆောင်ရွက်ပေးခဲ့ပါသည်။ မြဝတီမြို့နယ်၊ ဖလူးကျေး ရွာအုပ်စု၊ (မင်းလက်ပံကျေးရွာနှင့် အင်ကြင်းမြိုင်ကျေးရွာကြား)(ကြို့ပင်ကွေ့)တွင် သောင်ရင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုမှကာကွယ်ရန် ကျောက်စီမြေထိန်း တမံ၊ အလျား (၁၀၀၀)ပေအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် (၃၉၅.၀၀)သန်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံထားပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

