ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကြယ်ပွင့်ပြမေးခွန်းများ

မေးမြန်းသူ     –         ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)

မေးခွန်း         –         မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့မှ လော့ခေါ်ကျေးရွာသို့ ဆက်သွယ် ထားသော ဝေါလေ – အူဟူးထ – လော့ခေါ်ကျေးရွာချင်းဆက် မြေသားလမ်း (၄) မိုင်အား    ကွန်ကရစ်လမ်းအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးဆောင်ရွက်ပေးသွား မည်ကို သိရှိလိုပါသည်။

ဖြေကြားသူ    –        ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး

အဖြေ             –        မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့မှ လော့ခေါ်ကျေးရွာသို့ ဆက်သွယ် ထားသော ဝေါလေ – အူဟူးထ – လော့ခေါ် ကျေးရွာချင်းဆက်လမ်းအား ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း (၄/၀)မိုင်၊ ၁၀ပေကွန်ကရစ်တံတား (၂)စင်း၊ ၅ပေ Box Culvert(၅)ခု ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလမ်းအား ကျောက်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်နိုင် ရေး ဦးစားပေးလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလော တွင် ကွန်ကရစ်ခင်းရန် အစီအစဉ်မရှိပါကြောင်း တင်ပြအပ်ပါသည်။