မေးမြန်းသူ – ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ တုတ်ကြီးကျေးရွာ အဝင်လမ်းအရှည် (၂.၅) မိုင်ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ / မရှိ။
ဖြေကြားသူ – ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
အဖြေ – ဘားအံမြို့နယ်၊ တုတ်ကြီးကျေးရွာအဝင်လမ်းသည် ဘားအံမြို့နယ်နှင့် ဖာပွန်မြို့ နယ်တို့အား နယ်နိမိတ်ထိစပ်နေသည့်လမ်း ဖြစ်ပါသည်။ ၎င်းလမ်းအား မြေပြင် ကွင်းဆင်းတိုင်းတာချက်အရ ကမမောင်း-ဖာပွန်လမ်းမကြီးမှ ဝါးဒူး-တုတ်ကြီးရွာ အဝင်လမ်းမှာ အရှည် (၁/၁)မိုင်သာရှိကြောင်း စိစစ်သိရှိရပါသည်။ ၎င်းလမ်း(၁/၁) မိုင်အနက် ဖာပွန်မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဖာပွန်မြို့နယ်အပိုင်း(၀/၂)မိုင်အား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးပြီးဖြစ် ကြောင်း တင်ပြအပ်ပါသည်။ ကျန်ရှိသော ဘားအံမြို့နယ်အပိုင်းဖြစ်သည့် (၀/၇)မိုင်အား နှစ်အလိုက် စီမံကိန်း လျာထားချက်တွင် ထည့်သွင်းပြီးဘဏ္ဍာငွေခွဲဝေဝင်ဆံ့မှုအပေါ် မူတည်၍ သင့်တော်ရာဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း)ရန်ပုံ ငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

