မေးမြန်းသူ – ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ပေရှည် (၁၄၀၀) ပေရှိသော အင်ကြင်းလမ်းအား ၁၆’× ၆” ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ / မရှိ။
ဖြေကြားသူ – ဦးသန်းနိုင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး
အဖြေ – ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ပေရှည် (၁၄၀၀) ပေရှိသော အင်ကြင်းလမ်းအား ၁၆’× ၆” ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းကို ၂၀၂၀ – ၂၀၂၁ ခုဘဏ္ဍာရေးနှစ် အဆိုပြုစီမံကိန်းစာရင်း တွင် ထည့်သွင်းရေးဆွဲထားပြီး ဘတ်ဂျက်ကာလအမီ ထည့်သွင်းလျာထား နိုင်ခြင်းမရှိသဖြင့် သင့်တော်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

