ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –         ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)

မေးခွန်း         –         မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသော မဲ့ထော်သလေးကျေးရွာအုပ်စု (မဲ့ထော်သလေးနှင့် ကျောက်ဖျာကွေ့ကြား) ကျောက်ဖျာကွေ့နေရာ (ပေ၁၅၀၀)ခန့်အား မြစ်ရေတိုက်စားမှုမှ အချိန်မှီကာကွယ်နိုင်ရန်အတွက် ယခုလာမည့် ဘဏ္ဍာရေးနှစ်အတွင်း ကျောက်စီမြစ်ကမ်းထိန်းနံရံတခု အမြန် ဆုံးတည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိ၊

ဖြေကြားသူ    –        ဦးစောပြည်သာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော/   သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး

အဖြေ             –        မြန်မာ-ထိုင်းနယ်နိမိတ်ဖြစ်သော သောင်ရင်းမြစ်ရေတိုက်စားမှုကြောင့် နိုင်ငံပိုင် မြေများဆုံးရှုံးမှု မရှိစေရန်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေး အလိုက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သောင်ရင်းမြစ်တွင် (၂၆၉၅)ပေ၊ ဂေါ်လီချောင်းတွင် (၂၅၀)ပေ ဆောင်ရွက်ပေးခဲ့ပါသည်။ မြဝတီမြို့နယ်၊ မဲ့ထော်သ လေးကျေးရွာအုပ်စု၊ (မဲ့ထော်သလေးနှင့်ကျောက်ဖျာကွေ့ကြား)တွင် သောင်ရင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုမှကာကွယ်ရန် ကျောက်စီမြေထိန်း တမံကို ကျောက်ဖျာကွေ့နေရာတွင် အလျား(၁၀၀၀)ပေ၊ ခန့်မှန်းကုန်ကျစရိတ်  ကျပ် (၄၀၇.၅၀)သန်း၊ စုစုပေါင်းအလျား(၁၅၀၀)ပေအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ်(၆၁၅.၅၀)သန်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေ လုံးငွေရင်းရန်ပုံငွေတွင် ရန်ပုံငွေလျာထားတင်ပြတောင်းခံထားပြီး ခွင့်ပြုရန်ပုံငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။