မေးမြန်းသူ – ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့သည်သောင်ရင်းမြစ်ကမ်းဘေးတွင် တည်ရှိပြီး နှစ်စဉ်ရေကြီးမှုများဖြစ်ပေါ်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါများတွင် ပြည်သူများဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ရန် ခိုလှုံရာနေရာနှင့် ကယ်ဆယ်ရေးစောင့်ရှောက်မှုများ လုပ်ဆောင်နိုင်ရန်နှင့် သာမာန်အချိန်များတွင် သင်တန်းများ၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မုန်တိုင်းဒဏ်ခံ(Cyclone Shelter) အဆောက်အဉီ သတ်မှတ်ချထားပေးရန်အစီအစဉ် ရှိ / မရှိ ၊ ရှိပါကမည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးသွားမည်ကို သိရှိလိုပါသည်။
ဖြေကြားသူ – ဦးဘိုဘိုဝေမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး
အဖြေ – အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ ဘေးခိုလှုံရာအဆောက် အဦ (Cyclone Shelter) ဆောက်လုပ်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၁-၈-၂၀၂၀) ရက်စွဲပါစာအမှတ်ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအုပ်စု ကွင်းအမှတ်(53B)မဲထော်သလေးကွင်း၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုး အစားဧရိယာ(၁.၂၇)ဧရိယာပေါ်တွင် တည်ဆောက်နိုင်ရေးအတွက် တင်ပြထား ပြီးဖြစ်ပါသည်။ မြေနေရာရရှိပါက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အဆိုပါ (Cyclone Shelter) အဆောက်အဦဆောက်လုပ်မည့် ပုံစံ၊ ဒီဇိုင်း၊ အသေးစိတ် တွက်ချက်မှုများနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော် မတီသို့တင်ပြ၍ ကော်မတီမှခွင့်ပြုချက်ရရှိပါက ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ ဘေးခိုလှုံရာအဆောက်အဦ (Cyclone Shelter) ဆောက်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ် ပါသည်။

