ကရင်ပြည်သူ့ပါတီ

ဦးစောဂျေအေဝင်းမြင့်

ကိုယ်ရေးမှတ်တမ်း

၁။အမည်ဦးစောဂျေအေဝင်းမြင့်
၂။အခြားအမည်မရှိပါ
၃။လူမျိုး/ဘာသာကရင် / ခရစ်ယာန်
၄။နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၃/သတန(နိုင်)၀၀၀၁၂၅
၅။မွေးသက္ကရာဇ်/အသက်၆ . ၈ . ၁၉၆၉ (၄၆)နှစ် 
၆။မွေးဖွားရာဇာတိလိပ်သိုမြို့
၇။ပညာအရည်အချင်းဒသမတန်း
၈။လက်ရှိအလုပ်အကိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၉။အဘအမည်၊ အလုပ်အကိုင်ဦးစောပါစကွားလယ်ပီအပွန်း ပညာရေး(ငြိမ်း)
၁၀။အမိအမည်၊ အလုပ်အကိုင်ဒေါ်ခင်ကြည် (ကွယ်လွန်)
၁၁။ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင်ဒေါ်နော်ဒိုနီးရှား၊ အထက်တန်းပြဆရာမ
၁၂။သား/သမီးအမည်၊ အလုပ်အကိုင်စောကျော်ကျော်စိုး၊ ကျောင်းသား စောခိုင်ခန့်စိုး၊ ကျောင်းသား
၁၃။လက်ရှိနေရပ်လိပ်စာအမှတ်(၂)ရပ်ကွက်၊ လိပ်သိုမြို့
၁၄။အမြဲတမ်းနေရပ်လိပ်စာအမှတ်(၂)ရပ်ကွက်၊ လိပ်သိုမြို့
၁၅။ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလကရင်ပြည်သူ့ပါတီ 
၁၆။ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်သံတောင်ကြီးမဲဆန္ဒနယ်အမှတ်(၂)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ကျွန်တော် စောဂျေအေဝင်းမြင့်သည် (၆-၈-၁၉၆၉) ခုနှစ်တွင် လိပ်သိုမြို့ဇာတိတွင် မွေးဖွားခဲ့ပါသည်။ (၅)နှစ်သားမှ (၁၆)နှစ်သားအရွယ်ထိ ယခု အခြေခံပညာအထက်တန်း ကျောင်း(လိပ်သိုမြို့)တွင် ပညာသင်ယူခဲ့ပါသည်။ အခြေခံပညာကျောင်းသားအားကစားပွဲ တော်တွင် ကရင်ပြည်နယ်ကိုယ်စားပြုပြီး (၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင်       ၁၉၉၀ ခုနှစ် ရန်ကုန်တိုင်း၌လည်းကောင်း၊ ၁၉၉၂ ခုနှစ် ရှမ်းပြည်နယ်သို့ လည်းကောင်း သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်း၊ ၁၉၉၄ ခုနှစ် ရန်ကုန်မြို့၊ လှည်းတန်း၌ ဆရာ ဦးမောင်ထွန်း ၏တိုင်းရေဒီယိုသိပ္ပံအီလက်ထရောနစ် (၆)လသင်တန်းသို့ တက်ရောက်သင်ယူခဲ့ခြင်း၊ ၁၉၉၅ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကို ကယားပြည်နယ်၌ ကျင်းပရာ ကရင်ပြည်နယ်ကိုယ်စားပြု (၁၉)နှစ်အောက် (ပထမ)ရရှိခဲ့ခြင်း၊ ၁၉၉၆ ခုနှစ် တနင်္သာရီတိုင်းသို့လည်းကောင်း သွားရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ၁၉၉၄ခုနှစ် အခြေခံ ပညာမူလတန်းကျောင်း(လေ့လော်ဒေး)၌ အထွေထွေလုပ်သားအဖြင့် ကျောင်းသူ/သား များအား ပညာသင်ပေးခဲ့ပြီး၊ ၁၉၉၆ ခုနှစ်တွင် အခြေခံပညာအလယ်တန်းကျောင်း (ကျောက်ဖျာ)၌ ကာယဆရာအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်တွင် ကာယပညာနှင့် အားကစား အခြေခံနည်းပြသင်တန်း အမှတ်စဉ်(၇)ကို အထက(၆) ဗိုလ်တထောင်မြို့နယ်၌ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့ပါသည်။

         ၁၉၉၇ ခုနှစ် KNU ခွဲထွက် ဗိုလ်မှူးစောဖဲရီမိုး ဦးစီးသောအဖွဲ့ သံတောင်မြို့နယ် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သော အဖွဲ့အား ပေါင်းစပ်ညှိနှိုင်းအကျိုးဆောင်ပေးခဲ့ပါ သည်။ ၁၉၉၀ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ထိုအဖွဲ့အတွက် ဥက္ကဌ၏ကိုယ်ရေးအရာရှိ အဖြစ်လည်းကောင်း၊ စီးပွားရေးတာဝန်ခံအဖြစ်လည်းကောင်း၊ လူမှုဆက်ဆံရေးတာဝန်ခံ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ပေးခဲ့ပါသည်။ ထိုမှ ၂၀၁၀ ခုနှစ် အထွေထွေ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ ကရင်ပြည်သူ့ပါတီ (K.P.P) ကိုယ်စားပြုပြီး ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ်အထိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေး ခံရပြီး၊ ပြည်နယ်အတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများစိစစ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ရပါသည်။   ၂၀၁၅    ဒီဇင်ဘာ   (၁၃)ရက်နေ့မှ   (၁၅)ရက်နေ့ အထိ Multiport, Democracy  Thailand (၅)ရက်တာ သင်တန်းတက်ရောက်ခဲ့ပါသည်။

         ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်မှ (၁၆)ရက်အထိ နေပြည်တော်၌ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ ထိုမှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ ပါတီ(K.P.P)ကိုယ်စားပြု၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ မြို့နယ်၊ ကျေးရွာ၊ ဒေသအတွင်းတွင်လည်း နိုင်ငံရေး၊ လူမှုရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *