ကိုယ်ရေးမှတ်တမ်း
| ၁။ | အမည် | – | ဦးစောလှမြင့် |
| ၂။ | အခြားအမည် | – | မရှိပါ |
| ၃။ | လူမျိုး/ဘာသာ | – | ကရင် / ခရစ်ယာန် |
| ၄။ | နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် | – | ၃/သတန(နိုင်)၀၀၁၃၇၀ |
| ၅။ | မွေးသက္ကရာဇ်/အသက် | – | ၂၀ . ၇ . ၁၉၅၅ (၆၁)နှစ် |
| ၆။ | မွေးဖွားရာဇာတိ | – | ကော့ဒါန်ရွာ၊ ဒုံရင်း၊ ဘားအံမြို့ |
| ၇။ | ပညာအရည်အချင်း | – | အ.ပ.ထ အောင် |
| ၈။ | လက်ရှိအလုပ်အကိုင် | – | မြေစာရင်းဦးစီးဌာန(ငြိမ်း) |
| ၉။ | အဘအမည်၊ အလုပ်အကိုင် | – | ဦးစောမောင်မောင်(ကွယ်လွန်) |
| ၁၀။ | အမိအမည်၊ အလုပ်အကိုင် | – | ဒေါ်နော်စိန်သင်း(ကွယ်လွန်) |
| ၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | – | နော်အက်စတာထွန်း၊ ကျောင်းဆရာမ(ငြိမ်း) |
| ၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | – | စောပေါလ်ကညောထူး၊ ခရစ်ယာန်ဘုန်းတော်ကြီး စောယောဟန်ကညောစေး၊ ကွန်ပျူတာလုပ်ငန်း နော်ဟေးလ်ဒါကညောဖော၊ ကျန်းမာရေးဌာန |
| ၁၃။ | လက်ရှိနေရပ်လိပ်စာ | အမှတ်(၂)ရပ်ကွက်၊ သံတောင်မြို့၊ သံတောင်ကြီးမြို့နယ် | |
| ၁၄။ | အမြဲတမ်းနေရပ်လိပ်စာ | – | အမှတ်(၂)ရပ်ကွက်၊ သံတောင်မြို့ သံတောင်ကြီးမြို့နယ် |
| ၁၅။ | ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလ | – | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် မဲဆန္ဒနယ် | – | သံတောင်ကြီးမဲဆန္ဒနယ်အမှတ်(၁) |
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
၁၉၆၂ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ အမက(ကော့ဒါန်း)တွင် သူငယ်တန်းမှ စတုတ္ထတန်း အထိလည်းကောင်း၊ ၁၉၆၇ ခုနှစ်တွင် အလက(ရေတံခွန်)၌ ပဉ္စမတန်း အထိလည်းကောင်း၊ ၁၉၆၈ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ အထက(ချောင်းဆုံ)၊ ဘီလူးကျွန်း တွင် ဆဌမတန်းမှ ဒသမတန်းအထိလည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံမြေတိုင်းသင်တန်း၊မေမြို့တွင် သင်တန်းတက်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ မြေစာရင်းဦးစီးဌာန(ယခုလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာန)တွင် အကူမြေတိုင်းစာရေး၊ မြေတိုင်းစာရေး၊ လက်ထောက်ဦးစီးမှူးရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သံတောင်ကြီးမဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။

