ကိုယ်စားလှယ်များ ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

  ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –         ဦးတင်မျိုးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –         ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ထီးမံထိုကျေးရွာနှင့် ထီးဖိုးနိုင်ကျေးရွာသို့ ချိတ်ဆက်သွယ်တန်းထားသော ကျောက်ချောလမ်း (၃/၄)မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ / မရှိ။ ဖြေကြားသူ    –        ဦးစောပြည်သာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော / သတ္တု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး         အဖြေ            –        ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ထီးမံထိုကျေးရွာနှင့် ထီးဖိုးနိုင်ကျေးရွာသို့ ချိတ်ဆက်သွယ်တန်းထားသောလမ်းသည် ကျောက်ချော လမ်း (၃/၄)မိုင်၊ မြေသားလမ်း(၁/၇)မိုင် စုစုပေါင်း (၅/၃)မိုင်ရှိပြီး Class(A) အဆင့်(၁) ရှိ လမ်းဖြစ်ပါသည်။  အဆိုပါလမ်းအား မိမိဌာနမှ နှစ်အလိုက်ခွဲ ဝေရရှိမှုရန်ပုံငွေအခြေနေပေါ်မူတည်ပြီး ထည့်သွင်းလျာထားပြီး စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –       ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –       မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကမ်းနားလမ်း နှင့် စောလားပွာယ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးသွားရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါသည်။ ဖြေကြားသူ    –       ဦးသန်းနိုင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး    အဖြေ            –       ၁။         မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ကမ်းနားလမ်းသည် အတိုင်းအတာ (၁၁၀၀’×၂၄’) ရှိမြေသားလမ်းဖြစ်ပါသည်။ ကမ်း နားလမ်းအား အဆင့်မြင့်ကွန်ကရစ်လမ်းခင်းရန်အတွက် ၂၀၂၀ – ၂၀၂၁ ခုဘဏ္ဍာရေး နှစ် အဆိုပြုစီမံကိန်းစာရင်းတွင် ထည့်သွင်းရေးဆွဲထားပြီး ဘတ်ဂျက်ကာလအမီ ထည့်သွင်းလျာထားနိုင်ခြင်းမရှိသဖြင့်သင့်တော်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –       ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –       ဖာပွန်မြို့နယ်၊ မထောမူလတန်းကျောင်းသည် ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်တွင် မူလတန်းလွန်ကျောင်းအဖြစ်အဆင့်တိုးမြှင့်ပေးခဲ့ပြီးဖြစ်၍ လိုအပ်လျှက်ရှိသော ကျောင်းဆောင်သစ်နှင့် ရပ်ဝေးဆရာမများနေထိုင်ရန် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပေးရန်  အစီအစဉ်ရှိ/မရှိ၊ ဖြေကြားသူ    –       ဦးဘိုဘိုဝေမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး    အဖြေ            –        အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ မထောမူလတန်းကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်နှင့်ရပ်ဝေးဆရာ/မများနေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပေးနိုင်ရန် အတွက် သက်ဆိုင်ရာ ကျောင်းနှင့်မြို့နယ်တို့တွင် အမှုတွဲ များတောင်းခံ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြားတင်ပြအပ်ပါသည်။

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –       ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –       ဖာပွန်ခရိုင်၊ ကတိုင်တိတိုက်နယ်ဆေးရုံတွင်လစ်လပ်လျှက်ရှိသောလက်ထောက် ဆရာဝန်နေရာအား အမြန်ဆုံးပြန်လည်ခန့်ထားပေးရန်အစီအစဉ် ရှိ/မရှိ၊ ဖြေကြားသူ    –       ဦးဘိုဘိုဝေမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး    အဖြေ     –              အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား၊ကုသရေးဦးစီးဌာန၏                      (၄-၆-၂၀၂၀)ရက်စွဲပါစာအမှတ်ဖြင့် ဖာပွန်ခရိုင်၊ ကတိုင်တိတိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန်တာဝန်ခံကို မြဝတီခရိုင်၊ ဝေါလေတိုက်နယ်ဆေးရုံသို့ ပြောင်းရွှေ့တာဝန်ချထားခဲ့ပါသဖြင့် လစ်လပ်လျှက်ရှိသော ၎င်းနေရာတွင် တိုက်နယ်ဆရာဝန်တဦးခန့်ထားပေးနိုင်ပါရန် ကရင်ပြည်နယ်ကုသရေးဦးစီးဌာနမှ (၁၈-၈-၂၀၂၀)ရက်စွဲပါစာအမှတ်ဖြင့် ကုသရေးဦးစီးဌာန နေပြည်တော်သို့ တင်ပြ တောင်းခံထားပြီးဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။

ကိုယ်စားလှယ်များ ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –       ဦးတင်မျိုးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –       ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆိပ်ကလေးကျေးရွာ အုပ်စုအတွင်းရှိ ဆိပ်ကလေးကျေးရွာတွင် နှစ်စဉ်လိုလိုနွေရာသီ၌ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် စက်ရေတွင်းနှင့် ဆက်စပ် အဆောက်အဦး၊ ပစ္စည်းများဖြင့် စက်ရေတွင်းတစ်တွင်း တူးဖော်ဆောင်ရွက် ပေးနိုင်ခြင်း ရှိ / မရှိ။ ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် မည်သို့ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါကြောင်း။ ဖြေကြားသူ    –       ဦးစောမြင့်ဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး      အဖြေ            –         အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ပြည်ထောင်စုမွန်းမံရန်ပုံငွေကျပ်(၁၅.၂)သန်းကိုလျာထားတင်ပြ ပေးသွားမည်ဖြစ်ပါသည်။ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား အပ်ပါသည်။

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –       ဦးတင်မျိုးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         –       ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ တံခွန်တိုင်ကွက်သစ်ကျေးရွာတွင် နှစ်စဉ်လိုလို နွေရာသီ၌ သောက်သုံးရေ ရှားပါးမှုအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် စက်ရေတွင်းနှင့် ဆက်စပ် အဆောက်အဦး၊ ပစ္စည်းများဖြင့် စက်ရေတွင်းတစ်တွင်း တူးဖော်ဆောင်ရွက် ပေးနိုင်ခြင်း ရှိ / မရှိ။ ရှိပါကမည်သည့်ဘဏ္ဍာနှစ်တွင် မည်သို့ဆောင်ရွက်ပေး သွားမည်ကို သိရှိလိုပါကြောင်း။ ဖြေကြားသူ    –       ဦးစောမြင့်ဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး      အဖြေ            –       အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု အတွင်းရှိ တံခွန်တိုင်ကွက်သစ်ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် လိုအပ်သောစက်ရေတွင်း၊ ဆက်စပ်ပစ္စည်းနှင့် အဆောက်အဦအတွက် ခန့်မှန်း ကုန်ကျငွေကျပ်(၁၅.၂)သန်းကုန်ကျမည်ဟု ခန့်မှန်းထားပါသည်။ အဆိုပါ ကုန်ကျငွေအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀ – ၂၀၂၁ ဆက်လက်ဖတ်ရှု့ရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးခွန်မျိုးတင့်

ကိုယ်ရေးမှတ်တမ်း ၁။ အမည် – ဦးခွန်မျိုးတင့် ၂။ အခြားအမည် – ဦးညီညီ ၃။ လူမျိုး/ဘာသာ – ပအိုဝ်း / ဗုဒ္ဓဘာသာ ၄။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် – ၃/ဘအန(နိုင်)၀၀၉၀၆၂ ၅။ မွေးသက္ကရာဇ်/အသက် – ၉ . ၁၂ . ၁၉၆၅ (၅၀)နှစ်  ၆။ မွေးဖွားရာဇာတိ – ဘားအံမြို့ ၇။ ပညာအရည်အချင်း – ဒုတိယနှစ်(သမိုင်း) ၈။ လက်ရှိအလုပ်အကိုင် – စျေးရောင်း ၉။ အဘအမည်၊ အလုပ်အကိုင် – ဦးချစ်ညွန့်၊ မြို့နယ်လျှပ်စစ်မှူး(ငြိမ်း) ၁၀။ အမိအမည်၊ အလုပ်အကိုင် – ဒေါ်သောင်းရင်၊ မှီခို ၁၁။ ဇနီး/ခင်ပွန်းအမည်၊ ဆက်လက်ဖတ်ရှု့ရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးမင်းတင်ဝင်း

ကိုယ်ရေးမှတ်တမ်း ၁။ အမည် – ဦးမင်းတင်ဝင်း ၂။ အခြားအမည် – မရှိပါ ၃။ လူမျိုး/ဘာသာ – မွန် / ဗုဒ္ဓဘာသာ ၄။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် – ၃/ဘအန(နိုင်)၀၀၆၈၃၉ ၅။ မွေးသက္ကရာဇ်/အသက် – ၁၈ . ၆ . ၁၉၄၅ (၇၁)နှစ် ၆။ မွေးဖွားရာဇာတိ – သက္ကောရွာ၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း၊ မွန်ပြည်နယ် ၇။ ပညာအရည်အချင်း – B.A, B.Ed ၈။ လက်ရှိအလုပ်အကိုင် – လ/ထ မြို့နယ်ပညာရေးမှူး(ငြိမ်း) ၉။ အဘအမည်၊ အလုပ်အကိုင် – ဦးဘိုကျော် (ကွယ်လွန်) ၁၀။ အမိအမည်၊ အလုပ်အကိုင် ဆက်လက်ဖတ်ရှု့ရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးသန့်ဇင်အောင်

ကိုယ်ရေးမှတ်တမ်း ၁။ အမည် – ဦးသန့်ဇင်အောင် ၂။ အခြားအမည် – မရှိပါ  ၃။ လူမျိုး/ဘာသာ – ဗမာ / ဗုဒ္ဓဘာသာ ၄။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် – ၇/သနပ(နိုင်)၀၈၅၆၃၃ ၅။ မွေးသက္ကရာဇ်/အသက် – ၁၀ . ၂ . ၁၉၈၄ (၃၂)နှစ် ၆။ မွေးဖွားရာဇာတိ – မင်းရွာတာဝကျေးရွာ၊ သနပ်ပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။ ၇။ ပညာအရည်အချင်း – သိပ္ပံဘွဲ့(ဓါတုဗေဒ) ၈။ လက်ရှိအလုပ်အကိုင် – ရွှေရတီလင်းရတနာရွှေဆိုင် ၉။ အဘအမည်၊ အလုပ်အကိုင် – ဦးမောင်ဌေး၊ စျေးရောင်း ၁၀။ အမိအမည်၊ အလုပ်အကိုင် – ဒေါ်ဝင်း၊ စျေးရောင်း ဆက်လက်ဖတ်ရှု့ရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးစောဝင်းထိန်

ကိုယ်ရေးမှတ်တမ်း ၁။ အမည် – ဦးစောဝင်းထိန် ၂။ အခြားအမည် – မရှိပါ` ၃။ လူမျိုး/ဘာသာ – ကရင် / ဗုဒ္ဓဘာသာ ၄။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် – ၃/ဖပန(နိုင်)၀၀၀၉၃၂ ၅။ မွေးသက္ကရာဇ်/အသက် – ၂၀ . ၉ . ၁၉၆၇ (၄၉)နှစ် ၆။ မွေးဖွားရာဇာတိ – ကတိုင်တိကျေးရွာ၊ ဖာပွန်မြို့နယ် ၇။ ပညာအရည်အချင်း – သိပ္ပံဘွဲ့(ဓါတုဗေဒ) ၈။ လက်ရှိအလုပ်အကိုင် – ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၉။ အဘအမည်၊ အလုပ်အကိုင် – ဦးလှသင်း (ကွယ်လွန်) ၁၀။ အမိအမည်၊ အလုပ်အကိုင် – ဒေါ်နော်ဖွားညွန့်၊ ပညာရေး(ငြိမ်း) ဆက်လက်ဖတ်ရှု့ရန်