မေးမြန်းသူ – ဦးတင်မျိုးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ထီးမံထိုကျေးရွာနှင့် ထီးဖိုးနိုင်ကျေးရွာသို့ ချိတ်ဆက်သွယ်တန်းထားသော ကျောက်ချောလမ်း (၃/၄)မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ / မရှိ။
ဖြေကြားသူ – ဦးစောပြည်သာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော / သတ္တု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
အဖြေ – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ထီးမံထိုကျေးရွာနှင့် ထီးဖိုးနိုင်ကျေးရွာသို့ ချိတ်ဆက်သွယ်တန်းထားသောလမ်းသည် ကျောက်ချော လမ်း (၃/၄)မိုင်၊ မြေသားလမ်း(၁/၇)မိုင် စုစုပေါင်း (၅/၃)မိုင်ရှိပြီး Class(A) အဆင့်(၁) ရှိ လမ်းဖြစ်ပါသည်။ အဆိုပါလမ်းအား မိမိဌာနမှ နှစ်အလိုက်ခွဲ ဝေရရှိမှုရန်ပုံငွေအခြေနေပေါ်မူတည်ပြီး ထည့်သွင်းလျာထားပြီး စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
