ကိုယ်ရေးမှတ်တမ်း
| ၁။ | အမည် | – | ဦးမင်းကိုခိုင် |
| ၂။ | အခြားအမည် | – | ဦးမောင်ခိုင် |
| ၃။ | လူမျိုး/ဘာသာ | – | ဗမာ / ဗုဒ္ဓဘာသာ |
| ၄။ | နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် | – | ၃/ကကရ(နိုင်)၀၁၀၆၁၄ |
| ၅။ | မွေးသက္ကရာဇ်/အသက် | – | ၂၇ . ၇ . ၁၉၇၀ (၄၆)နှစ် |
| ၆။ | မွေးဖွားရာဇာတိ | – | ဘားအံမြို့ |
| ၇။ | ပညာအရည်အချင်း | – | ဝိဇ္ဇာဘွဲ့(ပထဝီဝင်) |
| ၈။ | လက်ရှိအလုပ်အကိုင် | – | စားဖျော်လုပ်ငန်း(ငြိမ်း) |
| ၉။ | အဘအမည်၊ အလုပ်အကိုင် | – | ဦးထွန်းသိန်း(ကွယ်လွန်) |
| ၁၀။ | အမိအမည်၊ အလုပ်အကိုင် | – | ဒေါ်ခင်မြင့်(ကွယ်လွန်) |
| ၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | – | ဒေါ်မိုးမိုးကြည်၊ ဂုံဂမံတိုင်းရင်းဆေး ထုတ်လုပ်/ရောင်း |
| ၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | – | မောင်ဆက်ပိုင်ယု၊ ကျောင်းသား မောင်ကျော်သုတ၊ ကျောင်းသား |
| ၁၃။ | လက်ရှိနေရပ်လိပ်စာ | – | E-118၊ ရှမ်းကုန်ရပ်၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၅)ရပ်ကွက်၊ ကော့ကရိတ်မြို့ |
| ၁၄။ | အမြဲတမ်းနေရပ်လိပ်စာ | – | E-118၊ ရှမ်းကုန်ရပ်၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၅)ရပ်ကွက်၊ ကော့ကရိတ်မြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလ | – | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် | – | ကော့ကရိတ်မဲဆန္ဒနယ်အမှတ်(၂) |
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
(၂၇-၇-၁၉၇၀)ရက်နေ့တွင် မွေးဖွားသည်။ ၁၉၇၅-၁၉၈၄ ခုနှစ်ထိ ဘားအံမြို့၊ အလက(၁)တွင် မူလတန်းနှင့် အလယ်တန်းပညာကိုလည်းကောင်း၊ ၁၉၈၅-၁၉၈၆ ခုနှစ်ထိ အထက်တန်းပညာကိုလည်းကောင်း အထက(၃)၊ ဘားအံမြို့တွင် သင်ကြားအောင်မြင်ခဲ့သည်။ ၁၉၈၆-၁၉၈၇ ခုနှစ်တွင် ဘားအံကောလိပ်၌ သင်္ချာအထူးပြုဖြင့် သင်ကြားအောင်မြင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အဝေးသင်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် ပထဝီဝင်ဘာသာဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ ၁၉၉၀ တွင် စားသောက်ဆိုင်နှင့် အဖျော်ယမကာလုပ်ငန်းတွင် စာရင်းကိုင်တာဝန်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် တာဝန်မှ အနားယူခဲ့ပါသည်။ ညီအစ်ကို မောင်နှမ (၉)ဦးတွင် စတုတ္တမြောက်သားဖြစ်သည်။

