အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးအိုက်ကျန်ခမ်း

ကိုယ်ရေးမှတ်တမ်း

၁။အမည်ဦးအိုက်ကျန်ခမ်း
၂။အခြားအမည်မရှိပါ
၃။လူမျိုး/ဘာသာရှမ်း / ဗုဒ္ဓဘာသာ
၄။နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၃/မဝတ(နိုင်)၀၀၈၅၅၀
၅။မွေးသက္ကရာဇ်/အသက်၂၄ . ၅ . ၁၉၇၃  (၄၃)နှစ်
၆။မွေးဖွားရာဇာတိဝှေ့ရှမ်းကျေးရွာ၊ မြ၀တီမြို့
၇။ပညာအရည်အချင်းဒုတိယနှစ်(ပထဝီဝင်)
၈။လက်ရှိအလုပ်အကိုင်လယ်ယာ
၉။အဘအမည်၊ အလုပ်အကိုင်ဦးအင်ကရောက်၊ လယ်ယာ
၁၀။အမိအမည်၊ အလုပ်အကိုင်ဒေါ်ကျန်ဖေါင်း၊ လယ်ယာ
၁၁။ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင်ဒေါ်နန်းချိုချိုစန်း၊ ကျောင်းဆရာမ
၁၂။သား/သမီးအမည်၊ အလုပ်အကိုင်စိုင်းမင်းခန့်ဇော်၊ ကျောင်းသား
၁၃။လက်ရှိနေရပ်လိပ်စာအမှတ်(၅)ရပ်ကွက်၊ ဝှေ့ရှမ်းကျေးရွာ
၁၄။အမြဲတမ်းနေရပ်လိပ်စာအမှတ်(၅)ရပ်ကွက်၊ ဝှေ့ရှမ်းကျေးရွာ
၁၅။ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်မဲဆန္ဒနယ်မြဝတီမဲဆန္ဒနယ်အမှတ်(၁)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ကျွန်တော်သည် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဝှေ့ရှမ်းကျေးရွာ၊ အမှတ်(၅) ရပ်ကွက် ဦးအင်ကရောက် နှင့် ဒေါ်ကျန်ဖောင်း တို့၏ သား အိုက်ကျန်ခမ်း ဖြစ်ပါသည်။ (၂၄.၅.၁၉၇၃)ခုနှစ်တွင် မွေးဖွားပြီး ညီအစ်ကိုမောင်နှမ(၅)ယောက်ရှိပါသည်။ ကျွန်တော် သည် သားအကြီးဆုံးဖြစ်ပါသည်။ ၁၉၈၀ မှ ၁၉၉၂ ထိ ဝှေရှမ်းကျေးရွာ အလယ်တန်း ကျောင်းအောင်မြင်ပြီး ၁၉၉၂ မှ ၂၉၉၃ ထိ မြဝတီ(အထက)ကျောင်း(၉)တန်းအောင်၊ ၁၉၉၃ မှ ၁၉၉၄ ထိ ဘားအံ(အထက-၁)ကျောင်း (၁၀)တန်းအောင်၊ ၁၉၉၅ မှ ၁၉၉၇ ထိ ဘားအံပညာရေးကောလိပ်တွင် ပညာသင်ယူနေစဉ်ကာလ ၁၉၉၇ ခုနှစ်မှာ ကျွန်တော်နှင့် ဇနီး ဒေါ်နန်းချိုချိုစန်းတို့ အိမ်ထောင်ပြုခဲ့ပါသည်။ သားသမီး(၅)ဦး ထွန်းကားခဲ့သည်။ ၁၉၉၈ -၂၀၁၁ ထိ လယ်ယာ၊ ၂၀၁၁-၂၀၁၃ ထိ “SNOG” မော်တော်ယာဉ်မှူး နှင့် ၂၀၁၃ -၂၀၁၆ ထိ လယ်ယာဆက်လက်လုပ်ကိုင်ခဲ့ပါသည်။