အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဦးတင်မျိုးဦး

ကိုယ်ရေးမှတ်တမ်း

၁။အမည်ဦးတင်မျိုးဦး
၂။အခြားအမည်ကိုမျိုး
၃။လူမျိုး/ဘာသာဗမာ + မွန် / ဗုဒ္ဓဘာသာ
၄။နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၁၀/မဒန(နိုင်)၀၂၃၈၄၂
၅။မွေးသက္ကရာဇ်/အသက်၂၇ . ၅ . ၁၉၇၂ (၄၄)နှစ်
၆။မွေးဖွားရာဇာတိတံခွန်တိုင်ကျေးရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်
၇။ပညာအရည်အချင်းဝိဇ္ဇာဘွဲ့(ပထဝီဝင်)
၈။လက်ရှိအလုပ်အကိုင်စျေးရောင်း၊ ခြံစိုက်ပျိုးရေး
၉။အဘအမည်၊ အလုပ်အကိုင်ဦးတင်မောင်(ကွယ်လွန်)
၁၀။အမိအမည်၊ အလုပ်အကိုင်ဒေါ်သန်းညွန့်၊ စျေးရောင်း
၁၁။ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင်ဒေါ်စိမ်းပပ၊ စျေးရောင်း၊ စက်ချုပ်
၁၂။သား/သမီးအမည်၊ အလုပ်အကိုင်မသစ်သစ်ဆုနှင်း၊ ကျောင်းသူ
၁၃။လက်ရှိနေရပ်လိပ်စာရွာသစ်ကျေးရွာ၊ ဘုရားသုံးဆူမြို့
၁၄။အမြဲတမ်းနေရပ်လိပ်စာရွာသစ်ကျေးရွာ၊ ဘုရားသုံးဆူမြို့
၁၅။ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်မဲဆန္ဒနယ် ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်အမှတ်(၂) 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ဗိုလ်ချုပ်လမ်း၊ တံခွန်တိုင်ကျေးရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်တွင် အဖ ဦးတင်မောင်၊ အမိ ဒေါ်သန်းညွန့် တို့မှ (၂၇-၅-၁၉၇၂)ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း(၄)ဦးအနက် အကြီးဆုံးသားဖြစ်ပါသည်။ အခြေခံပညာမူလတန်းကို အမက(၁)  တော်ကူးကျေးရွာမှလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းကို အထက (တံခွန်တိုင်)မှလည်းကောင်း၊ မော်လမြိုင်တက္ကသိုလ်မှ BA(Geography)ဖြင့် ဘွဲ့ရရှိ ခဲ့ပါသည်။ တပ်မတော်အငြိမ်းစားတစ်ဦးလည်းဖြစ်ခဲ့ပါသည်။ ဘုရားသုံးဆူမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၌ အလုပ်အမှုဆောင်တာဝန်(ပထမအကြိမ်)၊ ဥပဒေရေးရာ ဒုတိယတာဝန်ခံ(ဒုတိယအကြိမ်)၊ တွဲဖက်အတွင်းရေးမှူးတာဝန်တို့ကို ထမ်းဆောင် ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပသော ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေး ချယ်ခံခဲ့ပါသည်။ ယနေ့အချိန်အထိ နိုင်ငံရေးကို တက်ကြွစွာလုပ်ကိုင်လျှက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *