ဘားအံ၊ ဇွန်လ (၁၅)ရက်
၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၅)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရုံးသုံးပစ္စည်းများ ဝယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ အစည်းအဝေးကို တက်ရောက်လာသူများက အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးနှင့် တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။
(15-June-2020)
Monday








