ဘားအံ၊ ဇွန်လ (၁၆) ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်း မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံမည့်နေရာများအား ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးနှင့် အရည်အသွေးစိစစ်အကြုံပြုရေးကော်မတီ၀င်များ၊ မြင့်မြတ်သံလွင်ကုမ္ပဏီအဖွဲ့၀င်နှင့် တာ၀န်ရှိသူများ ဇွန်လ (၁၆)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။ (16-June-2020) Tuesday

