ကော့ကရိတ်၊ ဇွန်လ (၂၀)ရက် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့နယ်၊ နောင်ထက်ပံကျေးရွာရှိ နောင်ထက်ပံကျေးရွာချင်းဆက်လမ်းနှင့် တံတားတည်ဆောက်နေမှုအား သွားရောက်ပြီး ဇွန်လ(၂၀) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့ခဲ့ပါသည်။ (20-June-2020) Saturday
Day: June 20, 2020
ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများ ကျေးရွာအရောက်ပေးအပ်။
လှိုင်းဘွဲ၊ ဇွန်လ (၂၀)ရက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများက ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကဒီကံကျေးရွာအုပ်စုတွင် သက်ကြီးဘိုးဘွား(၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၃၉)ဦး၊ တာပေါင်ကျေးရွာအုပ်စုတွင် သက်ကြီးဘိုးဘွား(၂၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၁၉၅)ဦး တို့ကို ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ (20-June-2020) Saturday


