လှိုင်းဘွဲ၊ ဇွန်လ (၂၈)ရက်
ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၁၀၃၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ ကြာအင်းချောင်းကူးတံတား(၅၆မီတာ)ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်မှအဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ Japan Infrastructure Partanership( JIP)မှ ဦးသန့်စင်မှ တံတားလုပ်ငန်းနှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ရာ၊ ကြာအင်းကျောင်းဆရာတော်ဦးသူရိယမှ ကျေးဇူးတင်စကားပြောကြားပြီးနောက်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်မှ Japan Infrastructure Partanership (JIP)မှ တာ၀န်ရှိသူအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ ကြာအင်းကျောင်းဆရာတော်ဦးသူရိယ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ သစ်တော သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီးဦးစောပြည်သာ၊ JIPမှ တာ၀န်ရှိသူ ဦးသန့်စင်၊ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနှင့် ကြွရောက်လာသော ဧည့်သည်တော်များ တာဝန်ရှိသူများတို့မှ တက်ရောက်ခဲ့ကြပါသည်။
(28-June-2020)
Sunday






