ကော့ကရိတ်၊ ဇွန်လ (၂၈)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည် ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ(QC) အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကော့ကရိတ်မြို့နယ်၊ ကော့ထိုကီးကျေးရွာ၊ ကော့ထိုကီးတန်ဖိုးနည်းအိမ်ယာဆောက်လုပ်နေမှု အခြေအနေများ၊ အနောက်ဖက်ကမ်း- ကမ်းနီ- ကော့ဘိန်းလမ်း (၃/၀မိုင်×၁၂’- ၀”×၀’×၇”)ကွန်ကရစ်လမ်းခင်းခြင်း ကျေးလက်ဦးစီးဌာနမှ ဦးဆောင်၍၊ ကရင်ပြည်နယ်၊ အခြေခံပညာဦးစီးဌာန စာသင်ကျောင်းဆောက်လုပ်ခြင်း(၁၃၀’×၃၀’) RCC(၂)ထပ်ဆောင် လုပ်ငန်းပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်းဆေးခဲ့ပါသည်။
(28-June-2020)
Sunday
Fourth Day





