ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဒေါ်နန်းသူဇာဝင်းသည် မြဝတီမြို့နယ်၊ မဲပလဲ့ ကျေးလက်ကျန်းမာ ရေးဌာနနှင့် ဝန်ထမ်းအိမ်ယာ၊ ဝှေ့ရှမ်း- ပေါလော – သံပုရာလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား(၄၀)(၁) စင်း၊ ဝှေ့ရှမ်းကျေးရွာမီးသတ်ရုံးနှင့် အ.ထ.က သင်္ဂန်းညီနောင်၊ ဆရာ/ဆရာမအိမ်ယာတစ်လုံးနှင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးဝန်ထမ်းအိမ်ယာ လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့။

မြ၀တီ၊ ဇူလိုင်လ (၂)ရက် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC) အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် (၂.၇.၂၀၂၀)ရက်နေ့တွင် မြဝတီမြို့နယ်၊ မဲပလဲ့ ကျေး လက်ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ယာ၊ ဝှေ့ရှမ်း- ပေါလော-သံပုရာလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား (၄၀)(၁)စင်း၊ ဝှေ့ရှမ်းကျေးရွာမီးသတ်ရုံးနှင့် အ.ထ.က သင်္ဂန်းညီနောင်၊ ဆရာ/ဆရာမအိမ်ယာတစ်လုံးနှင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးဝန်ထမ်းအိမ်ယာ လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ Thursday 2-July-2020

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

၂၀၁၉ – ၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ညှိနှိုင်းအစည်းအဝေးပြုလုပ်။

မြ၀တီ၊ ဇူလိုင်လ (၂)ရက် ၂၀၁၉ – ၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များမှ ကွင်းဆင်း စစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်လမ်းဦးစီးဌာန ရိပ်သာ အစည်းအဝေးခန်းမတွင် (၂.၇.၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၃၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးပြီးနောက် ဘဏ္ဍာငွေအရသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် မြ၀တီ အ.မ.က-၁၀၁၇ ကျောင်းဆောင်နှင့် မြ၀တီမြို့နယ်၊ ထီးဝါပလောကျေးရွာ (၄၅’) RCC ကွန်ကရစ် တံတား(၁)စင်း တည်ဆောာက်ဆဲဖြစ်သော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဆက်လက်ဖတ်ရှု့ရန်

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာ များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်။

ဘားအံ၊ ဇူလိုင်လ (၂)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအား (၂.၇. ၂၀၂၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့တိုင်ကြားစာများနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (2-July-2020) Thursday