ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏ တိုင်ကြားစာ များနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်။

ဘားအံ၊ ဇူလိုင်လ (၁၀)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၁၀.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (10-July-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်။

ဘားအံ၊ ဇူလိုင်လ (၁၀)ရက် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း အဖွင့်အမှာစကားပြောကြားပြီး၊ အစည်းအဝေးမှ တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးနှင့် အရည်အသွေးစိစစ်အကြုံပြုရေးကော်မတီ၀င်များ၊ လွှတ်‌တော်ရုံးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (10-July-2020) Friday