လှိုင်းဘွဲ၊ ဇူလိုင်လ (၁၇)ရက် ကရင်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသော ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းအား (၁၇.၇.၂၀၂၀)ရက်နေ့၊နံနက်(၀၇၀၀)နာရီအချိန် တိုင်ကြားစာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့၀င်များသည် အချင်းဖြစ်ပွားရာနေရာဖြစ်သော လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စုတို့ရှိ အချင်းဖြစ်မြေနေရာအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ (17-July-2020) Friday
Day: July 17, 2020
(၂၀၁၉-၂၀၂၀ခု)ဘဏ္ဍာရေးနှစ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၏ စီမံကိန်းလုပ်ငန်းများ စိစစ်နိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းဆိုင်ရာ အချက်အလက်များ ပြင်ဆင်ဆောင်ရွက်ခြင်း။
ဘားအံ၊ ဇူလိုင်လ (၁၇)ရက် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ ၀င်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီအဖွဲ့၀င်များသည် (၂၀၁၉-၂၀၂၀ခု) ဘဏ္ဍာရေးနှစ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၏ စီမံကိန်းလုပ်ငန်းများ စိစစ်နိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းဆိုင်ရာ အချက်အလက်များ ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းအား (၁၃.၇.၂၀၂၀)ရက်နေ့မှ (၁၇.၇.၂၀၂၀) ရက်နေ့အထိ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီရုံးခန်း၌ ဆောင်ရွက်ခဲ့ပါသည်။ (17-July-2020) Friday