ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် ကြာအင်း (အထက) RC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခြင်း။

လှိုင်းဘွဲ၊ ဇူလိုင်လ (၁၈)ရက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကြာအင်း(အထက) RC နှစ်ထပ်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကြာအင်းအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် တက်ရောက်ခဲ့သည်။ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၊ ကြာအင်းကျောင်းဆရာတော် ဘဒ္ဒန္တဉူးသူရိယတို့ကကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ကြာအင်းကျောင်းဆရာတော် ဘဒ္ဒန္တဉူးသူရိယက ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း များနှင့် ပတ်သက်၍ မိန့်ကြားခြင်း နယ်ခြားစောင့်တပ် ဗဟိုအကြံပေး နှင့်ကွပ်ကဲရေးအထွေထွေ အတွင်းရေးမှူးဗိုလ်မှူးကြီး စောချစ်သူ က ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအတွက် ဝမ်းမြောက်စကားပြောကြားပြီး အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ကြာအင်း (အထက) RC နှစ်ထပ်ကျောင်းဆောင်သစ်ကို ဟိလာအောင်ကုမ္ပဏီတာဝန်ခံက ကျေးရွာအုပ်ချုပ် ဆက်လက်ဖတ်ရှု့ရန်

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်

ဘားအံ၊ ဇူလိုင်လ (၁၈)ရက် ငါးသယံဇာတများထိန်းသိမ်းရေးနှင့်ငါးမျိုးများပွားများစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။ ထိုငါးမျိုးစိုက်ထည့်ရာသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး ငါးမြစ်ချင်းကောင်ရေ တစ်သိန်းကို ငါးမျိုးစိုက်ထည့် ပေးခဲ့သည်။ ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ ဘုံရေပြင်များ၊ သဘာဝရေပြင်များနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၏ ငါးမွေးကန်များ အပါအဝင် နေရာ ၄၀ ၌ ငါးသားပေါက်ကောင်ရေ တစ်ဆယ့်ခုနှစ်သိန်းခွဲ စိုက်ထည့်ပေးသွားရန် လျာထားပြီး ယနေ့ထိ နေရာ ၂၀ ၌ ငါးသားပေါက်ကောင်ရေ တစ်ဆယ့်နှစ်သိန်းကျော်ကို စိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။ “ငါးမွေးတောင်သူတွေဖြစ်ဖြစ်၊ ရိုးရိုးပြည်သူတွေဘဲဖြစ်ဖြစ် ကျွန်မတို့ရေချိုငါးလုပ်ငန်းဥပဒေအတိုင်း လိုက်နာပြီး တော့ တားမြစ်ထားတဲ့ကိရိယာတွေ၊ တားမြစ်ထားတဲ့ အချိန်တွေမှာ ငါးဖမ်းဆီးခြင်းမပြုဘဲ ဥပဒေကိုလိုက်နာကြမယ် ဆက်လက်ဖတ်ရှု့ရန်

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ၀င်း ဆောင်ရွက်နေမှု လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့။

ဘားအံ၊ ဇူလိုင်လ (၁၈)ရက် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်လွှတ်တော်ရုံး၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်နားနေဆောင်၊ ညွှန်ကြားရေးမှူးနေအိမ်နှင့် လွှတ်တော်ရုံး၀န်ထမ်းအိမ်ရာ ၀င်း မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ၀င်း ခြံစည်းရိုးကာရံ နေရာများအား ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ၀င်များ၊ တိုင်းတော်ထူးကုမ္ပဏီအဖွဲ့နှင့် တာ၀န်ရှိသူများ ဇူလိုင်လ (၁၈)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။ (18-July-2020) Saturday